close

အကျယ်ချုပ်ဖမ်းဆီး

close

February 18, 2022

အင်းစိန် CID ရဲမှူးကြီးကို လှော်ကားရဲသင်တန်းကျောင်းတွင် အကျယ်ချုပ်ဖမ်းဆီးထား

အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်ကို မကြိုက်တဲ့အကြောင်း  လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မှတ်ချက်ပြုရေးသားလို့ အင်းစိန် မှုခင်းရဲတပ်ဖွဲ့သင်တန်းကျောင်းမှ ရဲမှူးကြီး ဇော်ဝင်းကို စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီလ ၈ ရက်က ဖမ်းဆီးလိုက်ပြီး အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ 

ရဲမှူးကြီး ဇော်ဝင်းကို စစ်ကောင်စီတပ်သားတွေက ညပိုင်းဝင်ရောက်ဖမ်းဆီးပြီး လှော်ကားရဲအကြပ် အတက်သင်တန်းကျောင်းကို ခေါ်ဆောင်သွားပြီး အကျယ်ချုပ်သဘောမျိုး အစောင့်နဲ့ထားရှိကာ ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။ 

ဖမ်းဆီးခဲ့ရတဲ့ ရဲမှူးကြီးရဲ့ တပည့်ဟောင်း ရဲတပ်ဖွဲ့ဝင်တဦးက “အဘက လူအေး တွေ့ဖူးသမျှထဲမှာ အနေအေးတဲ့ လူကြီးတစ်ယောက်ပါ။ သူက အာဏာသိမ်းတဲ့ အခြေအနေကို အစကတည်းက  မကြိုက်တာ။ သူဖိအားတွေကြောင့် CDM မလုပ်နိုင်တာ။ ဖမ်းတာကတော့ အပြစ်မရှိ အပြစ် ရှာဖမ်းတဲ့သဘောမျိုးပါ။ စာက ဆဲဆိုတာမျိုးလည်းမရှိဘူး။ ရည်ညွှန်းမျိုးလည်မရှိ ရေးတင်တာ အဲ့တာကို ဖမ်းတာ စဉ်းစားကြည့်ပါ”လို့ ပြောပါတယ်။

ဖမ်းဆီးတဲ့အချိန်မှာ စစ်တပ်အင်အားအများအပြားနဲ့ လာရောက်ပြီး လက်ထိပ်ခတ်ခေါ်သွားတာကြောင့် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ကိုယ်လူကြီးအဖမ်းခံရတဲ့အပေါ် စိတ်မကောင်းစွာနဲ့ ငေးကြည့်နေရပြီး စိတ်ပျက်နေကြတယ်လို့ ဆိုပါတယ်။ 

ဒုရဲမှူးကြီး ဇော်ဝင်းကို ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားသလို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူဖို့ အတွက်လည်း စုံခုံဖွဲ့ဖို့ပြင်ဆင်နေတယ်လို့ ရဲအသိုင်းဝိုင်းက သိရပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီရဲ့ဖမ်းဆီးခံခဲ့ရတဲ့ အင်းစိန် CID လေ့ကျင်ရေးသင်တန်းကျောင်းက ကျောင်းအုပ်ကြီး ဒုရဲမှူးကြီး ဇော်ဝင်းဟာ ပင်စင်ရဖို့ သိပ်မလိုတော့တဲ့အချိန်မှာ ခုလိုမျိုး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာကြောင့် ထောင်ကျခံရဖို့များနေပြီး ပင်စင်ပါဆုံးရှုံးရနိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက မှတ်ချက်ပြုပြောဆို ပါတယ်။

4 mins Ago
Up