close

အကျိုးဖြစ်

close

June 12, 2022

တရုတ်နှင့် အမေရိကန် စစ်တပ်ချင်းဆက်ဆံရေး အကျိုးဖြစ်မည်ဟု တရုတ်သုတေသီ အကြံပြု

တရုတ်နဲ့ အမေရိကန်အကြား  တည်ငြိမ်တဲ့ စစ်တပ်အချင်းချင်း ဆက်ဆံရေးဟာ နှစ်နိုင်ငံ အကျိုးစီးပွားကို ဆောင်ကြဉ်းပြီး ဒါဟာ နိုင်ငံတကာလူ့အဖွဲ့အစည်းရဲ့ ဘုံမျှော်လင့်ချက် လည်းဖြစ်တယ်လို့ တရုတ်စစ်ဘက် သုတေသီ ဆောင်းကျင်းက ဇွန် ၁၀ ရက်မှာ ပြောပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီး ဝေဖှုန့်ဟော့နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ ၁၉ ကြိမ်မြောက် ရှန်ဂရီလာ ဒိုင်ယာလော့ခ် ကာကွယ်ရေး ထိပ်သီးညီလာခံကို စင်ကာပူနိုင်ငံမှာ မတက်ရောက်ခင် ဇွန် ၁၀ ရက်က ဆွေးနွေး ခဲ့ကြပါတယ်။

CGTN သတင်းဌာနနဲ့ လူတွေ့ မေးမြန်းခန်းအတွင်း သုတေသီ ဆောင်းကျင်းက ဒါဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်တို့ရဲ့ အရေးကြီးတဲ့ သဘောတူညီမှုကို အကောင်အထည် ဖော်ဖို့ ခြေလှမ်းတရပ်ပဲလို့ ပြောပါတယ်။

အာရှ ပထမတန်း ကာကွယ်ရေးထိပ်သီးညီလာခံဖြစ်တဲ့ ရှန်ဂရီလာဒိုင်ယာလော့ခ် ၁၉ ကြိမ်​မြောက် အစည်းအဝေးကို စင်ကာပူနိုင်ငံမှာ ဇွန် ၁၀ ရက်က စတင် ဖွင့်လှစ်ခဲ့တာပါ။

၃ရက်ကြာ ထိပ်သီးညီလာခံမှာ အာရှ၊ ဥရောပနဲ့ အမေရိကန်တို့က ကာကွယ်ရေးဝန်ကြီးတွေနဲ့ စစ်ဘက် ခေါင်းဆောင်တွေ တက်ရောက်ကြ ပါတယ်။

အမေရိကန်ဟာ သူ့ရဲ့ ဗိုလ်ကျစိုးမိုးရေးစနစ်ကို ကာကွယ်ဖို့ အင်ဒိုပစိဖိတ်ဗျူဟာကို အကောင်အထည်ဖော်ခဲ့ပြီး ဒီလုပ်ရပ်ဟာ ဒေသတွင်း နိုင်ငံတွေကို ပိုပြီး ထိခိုက်စေလိမ့်မယ်လို့ တရုတ်ဗဟိုစစ်ကော်မရှင်တွဲဘက်ဌာန ဒုတိယအကြီးအကဲ ဗိုလ်မှူးချုပ် ကျန်းကျင်းရှုံက ရှန်ဂရီလာဒိုင်ယာလော့ခ် ကာကွယ်ရေးထိပ်သီးညီလာခံနဲ့ ဆက်စပ် သတင်းစာရှင်းလင်းပွဲ အတွင်း  ပြောပါတယ်။ 

3 hours Ago
Up