close

အကြမ်းစား ရက်ပ်တေးအယ်လ်ဘမ်သစ်

close

November 26, 2021

အာဏာရှင်တော်လှန်ရေး အကြမ်းစား ရက်ပ်တေးအယ်လ်ဘမ်သစ် ကြည့်ရှုနားဆင်နိုင် (ရုပ်သံ)

အကြမ်းစား အပြင်းစား ရက်ပ်တေးသွားတွေနဲ့ ထွက်ရှိထားခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေးတေးအယ်လ်ဘမ်သစ်ကို  Youtube မှာ ကြည့်ရှုနားဆင်နိုင်ပြီ ဖြစ်ပါ တယ်။

ဒီအယ်လ်ဘမ်ကို အင်တာနက်လူမှုကွန်ရက်ပေါ်မှာ Rap Against Junta ဆိုတဲ့အဖွဲ့က ဖြန့်ချိ ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မတရားစစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲတွေမှာ စစ်အာဏာရှင် တိုက်ထုတ်ရေးအတွက် လမ်းမပေါ်မှာ ရှိုးပွဲတွေ၊ လက်တန်းရွတ်ဆိုပွဲတွေကတဆင့် စတင်ခဲ့တဲ့ Rap Against Junta အဖွဲ့ရဲ့ ဒီဂျစ်တယ်ပလက်ဖောင်းပေါ်မှာ ဆက်လက်ပြီးတော့ ဆန့်ကျင်ပုန်ကန်တော်လှန်နေတဲ့ အသံတွေကို ဒီအယ်လ်ဘမ်ထဲမှာ ကြားကြရမှာ ဖြစ်ပါတယ်။

“#Dickcouncil Album ရဲ့ သီချင်းတွေအကုန် ကြည့်ရှုနားဆင်နိုင်ဖို့ အကုန်လုံးလည်း ပြီးမြောက်သွားပါပြီ… အကောင်းဆုံးကြိုးစားပြီး ထုတ်လုပ်ပေးတဲ့ သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ရှိပါတယ်... သံစဉ် audio မှတဆင့် ရုပ်သံ visual  အ ထိ အကုန်ထုတ်ဖို့ကို အဘက်ဘက်မှ ကူညီဝိုင်းဝန်းဆောင်ရွက်ပေးကြသော Emcees, Music producer, Mixing & Master engineer, Album Artwork Artists, Video production, Street Dancers, Video Editor အားလုံးကိုကျေးဇူးတင်ရှိပါတယ်”

ဒီတေးအယ်လ်ဘမ်ထဲမှာတော့ ရက်ပ်ပါ ၁၅ ယောက်က သီဆိုထားကြတဲ့ သီချင်း ၁၁ ပုဒ် ပါဝင်ကာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက စတင်ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ခုတခါမှာတော့ သူတို့အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ကြည့်ရှုနားဆင်နိုင်မယ့် Youtube လင့်နဲ့အတူ မျှဝေပေးထားခဲ့တာကို တွေ့ရပါတယ်။

28 seconds Ago
Up