close

အကြမ်းဖက်စစ်တပ်က ပစ်သတ်

close

June 11, 2021

ရေနံချောင်းတွင် လူငယ် ၁ ဦးကို အကြမ်းဖက်စစ်တပ်က ပစ်သတ်

မကွေးတိုင်း၊ ရေနံချောင်းမြို့နေ လူငယ်တစ်ယောက်ကို ဇွန်လ ၁၀ ရက်ညမှာ အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်သွားပါတယ်။

နဂါးကုန်ရပ်ကွက်နေ  အသက်(၁၉)နှစ်အရွယ် မောင်ချစ်သဲကို ည ၈ နာရီနောက်ပိုင်းမှာ အပြင်ထွက်လို့ဆိုပြီးတော့ စစ်တပ်က သေနတ်နဲ့ပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ည ၉ နာရီလောက်မှာ ရေနံချောင်းနာရေးကူညီမှုအသင်းကနေ မောင်ချစ်သဲရဲ့အလောင်းကို ဆေးရုံကိုပို့ပေးထားပါတယ်။

7 mins Ago
Up