close

အကြမ်းဖက်စစ်အုပ်စုဖျက်ဆီး

A d v e r t i s e m e n t With Us

close

May 25, 2021

မိုးကုတ်မြို့တွင် အရပ်သားပြည်သူ ၁ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့အ​ရှေ့ပိုင်း၊  ပတ္တမြားရပ်ကွက်မှာနေထိုင်တဲ့  အမျိုးသားတစ်ဦးကို ဒီကနေ့ မေ ၂၅ ရက်မှာ အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားပါတယ်။

အိမ်စီးကား အဖြူရောင်နဲ့အရပ်ဝတ်တွေနဲ့ လာဖမ်းတာဖြစ်ပြ​ီး ဖမ်းဆီးစဉ်မှာလည်း ရိုက်တာ အကြမ်းဖက်တာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

ဘာကြောင့်  ဘယ်ကို ဖမ်းဆီးသွားတယ်ဆိုတာနဲ့ ဖမ်းဆီးခံရသူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုတော့ စုံစမ်းလို့မရသေးပါဘူး။ 

မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက သပိတ်မှာပါဝင်သူတွေ ၊ Defense Team ဝင်နဲ့ CDM သမားတွေကို ဆက်တိုက်ဖမ်းဆီးနေပေမဲ့ အရပ်ဝတ်နဲ့ ဖမ်းတာကတော့ အခု ပထမဆုံးအ​​ကြိမ်ဖြစ်ပါတယ်။

1 min Ago

March 28, 2021

ယုဇနဥယျာဉ်အိမ်ရာက ကားအစီးရေ ၂၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စု ဖျက်ဆီး

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်အိမ်ရာက ကားအစီးရေ ၂၀ ကျော်ကို       မတ် ၂၇ ရက်နေ့ညမှာ အကြမ်းဖက်စစ်အုပ်စုက စိတ်ကြိုက်ရိုက်ခွဲဖျက်ဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

မနေ့က မနက်သပိတ်ကို အကြမ်းဖက်ဖြိုခွင်းပြီးကတည်းက ညနေ ၅ နာရီအထိ အိမ်ရာအတွင်း လှည့်ပတ်သောင်းကျန်းခဲ့ကြတာပါ။ 

တာယာကွင်းတွေ မီးရှို့ပြီး လမ်းတွေမှာကာထားတဲ့ အကာအရံတွေကို ဘူဒိုဇာနဲ့ ထိုးချဖျက်ဆီးသွားတယ်လို့ သိရပါတယ်။ လမ်းတွေထဲက အိမ်တွေကို သေနတ်တွေနဲ့ချိန်ပြီး ဆဲဆိုကြိမ်းမောင်းသွားတယ်လို့လည်း ပြောပါတယ်။

ကနဦးအနေနဲ့ သေဆုံးသူ ၂ ဦးရှိတယ်လို့ သိရပြီး ဖမ်းဆီးခံရသူက ၁၅ ယောက်ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ 

တစ်နေ့ကုန် အသံဗုံးတွေ၊ သေနတ်တွေနဲ့ စစ်မြေပြင်အလား ပစ်ခတ်နေပြီး မနက် ၄ နာရီကျော်မှ ရပ်နားကြတယ်လို့ ရပ်ကွက်နေပြည်သူတွေက DVB ကို ပြောပါတယ်။

2 months Ago
Up