close

အကြမ်းဖက်မှု ဓားစာခံ

close

March 8, 2022

ဘိုလီးဗီးယားတွင် ကျား၊ မ အခြေပြုအကြမ်းဖက်မှု ဓားစာခံများအတွက် တရားမျှတရေး ချီတက် တောင်းဆို

ဘိုလီးဗီးယားနိုင်ငံက မြို့တော် လာပဲ့ဇ်က လမ်းတွေပေါ်မှာ မတ်လ ၇ ရက်က အမျိုးသမီးတွေ ချီတက်ခဲ့ကြပြီး ကျား၊ မ ကွဲပြားမှု အခြေပြု အကြမ်းဖက်မှု ဓားစာခံတွေအတွက် တရားမျှတမှုကို တောင်းဆိုကြပါတယ်။

မတ်လ ၈ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အကြိုအနေနဲ့ ရာချီတဲ့ အမျိုးသမီးတွေဟာ အယ်လ်အော်တိုမြို့ကနေ မြို့တော် လာပဲ့ဇ်ဆီကို ချီတက်ရဆန္ဒပြခဲ့ကြတာပါ။

အဆောက်အဦ အပြင်ဘက်မှာ ဆန္ဒပြသူတွေက အမှုတွေကို ပိုအရှိန်မြှင့် ဆုံးဖြတ်ဖို့ တောင်းဆိုရင်း အမျိုးသမီးတွေကို သတ်ဖြတ် အဓမ္မပြုကျင့်သူတွေလို့ စွပ်စွဲခံရသူတွေရဲ့ ပိုစတာတွေကိုလည်း ချိတ်ဆွဲခဲ့ကြပါတယ်။

“အိမ်တွေမှာ ငိုနေတဲ့ သားသမီးတွေ ရှိတယ်၊ တရားသူကြီးတွေနဲ့ ရှေ့နေတွေက တရားမျှတမှုကို စိတ်မဝင်စားကြဘူး။ ခင်ဗျားတို့ မိခင်ကနေ မွေးလာတာ ဟုတ်ရဲ့လား၊ ညီမတွေ မရှိကြဘူးလား၊ တရားမျှတမှုကို ကျနော်တို့ တောင်းဆိုနေတာပါ” လို့ အသတ်ခံရသူ အမျိုးသမီးတယောက်ရဲ့ ဆွေမျိုးဖြစ်သူက ပြောပါတယ်။

ဘိုလီးဗီးယားနိုင်ငံဟာ တောင်အမေရိကမှာ အမျိုးသမီး ဖြစ်နေလို့ကို အသတ်ခံရတဲ့နှုန်း အမြင့်ဆုံး နိုင်ငံတွေထဲက တနိုင်ငံပါ။

၂၀၂၁ ခုနှစ်မှာ အမျိုးသမီး အယောက် ၁၀၀ ကျော် အသတ်ခံရတယ်လို့ အစီရင်ခံထားပါတယ်။  ၂၀၂၁ တနှစ်တည်းမှာ ကျား၊ မ ကွဲပြားမှုဆိုင်ရာ အကြမ်းဖက်မှု ၄၆,၀၀၀ ကျော်ကို ဖြေရှင်းနေရပြီး ၃၇,၀၀၀ ကျော်ကတော့ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်တယ်လို့ ဘိုလီးဗီးယား တရားရုံးက ပြောထားပါတယ်။

2 mins Ago
Up