close

အကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှု

close

December 9, 2021

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှု မောင်တောမြို့၌ ပြုလုပ် (ဓာတ်ပုံ)

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှုအဖြစ် ဒီဇင်ဘာ ၉ ရက် ဒီနေ့မနက်က  ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ  ပြုလုပ်ပါတယ်။

‘'အကြမ်းဖက်မှုတွေပပျောက်ဖို့ တို့အမျိုးသမီးတွေစတင်စို့’၊ ‘အမျိုးသမီးများဘဝလုံခြုံဖို့ အကြမ်းဖက်မှုကို ဆန့်ကျင်စို့’၊ ‘အမျိုးသမီးများအားအိမ်တွင်း အကြမ်းဖက်မှု ပပျောက်ဖို့ ဥပဒေနှင့်အညီတိုက်ထုတ်စို့’ စတာတွေ ရေးသားထားတဲ့  လက်ကမ်းစာစောင်တွေဖြန့်ဝေတာကို မောင်တောမြို့မ ဟင်းသီးဟင်းရွက်၊ သားငါးစျေးမှာ ပြုလုပ်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို မောင်တောမြို့ရှိ ဘာသာပေါင်းစုံ အမျိုးသမီးတွေပါဝင်တဲ့ ရခိုင်ပြည်နယ် အမျိုးသမီးများကွန်ရက်  Women’s Network Rakhine State   အဖွဲ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကွန်ရက်အဖွဲ့ရဲ့ နာယကတစ်ဦးဖြစ်တဲ့ မသန်းယဥ်က ''ကျမတို့ မောင်တောမှာ  အမျိုးသမီးတွေအကြမ်းဖက်ခံနေရတာတွေရှိပါတယ်။ ဒါကြောင့်လုပ်ဖြစ်တာပါ။''လို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအဖြစ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိသတ်မှတ်ပြီး မြန်မာအပါအဝင် ကမ္ဘာတဝန်းမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

By Kaung Mrat Naing / MPA

2 mins Ago
Up