စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဆိပ်ဖူးကြီးကျေးရွာမှာ လူငယ် ၂ ယောက်ကို အကြမ်းဖက်ရဲတပ်ဖွဲ့က ဇွန်လ ၁၀ ရက်နေ့မှာ ရိုက်နှက် ဖမ်းဆီးသွားပါတယ်။
လူငယ်နှစ်ယောက်ကို ရဲတွေက ဆိပ်ဖူးကြီးရွာမှာလာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဒလန်က သတင်းပေးလိုက်လို့ သူတို့ကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲ နှိပ်စက်ရိုက်နှက် ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံခဲ့တဲ့ လူငယ်နှစ်ဦးကတော့ မုံရွာမြို့ နန္ဒာဝန်ရပ်ကွက်နေ ကျော်မျိုးသူ (၂၆) နှစ်နဲ့ အရာတော်မြို့နယ်၊ ရဲချင်းကျေးရွာနေ လေပွေ(ခ)မင်းဇော်ထွန်း (၂၆) နှစ်တို့ ဖြစ်ကြပါတယ်။
မူဆယ်မြို့မှာ မတ်လ ၂၇ ရက် မနက်က အကြမ်းဖက် စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်တို့က ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်နေတဲ့ ပြည်သူတွေကို အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့တာကြောင့် ၃ ဦးကျဆုံးခဲ့ပါတယ်။
ပစ်ခတ်ဖြိုခွင်းခံရပြီးနောက် ပြည်သူတွေက လူပြန်စုပြီး နေ့ရော ညပါ စစ်အာဏာရှင် စနစ်ကို အလိုမရှိကြောင်း ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ညဘက်မှာလည်း ညသပိတ် ကျင်းပခဲ့ပါတယ်။
ကျဆုံးသွားတဲ့ ဆန္ဒပြသူတွေရဲ့ အလောင်းတွေကို အကြမ်းဖက်ရဲတပ်ဖွဲ့က ယူဆောင်သွားပြီး ပြည်သူတွေ ဘက်က ပြန်မရခဲ့ဘူးလို့ ပါဝင်သူတွေက ပြောပါတယ်။