အသက်အန္တရာယ်ခြိမ်းခြောက်ခံမှုအကြိမ် ၄၅၀ လက်ခံရရှိခဲ့တယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်စ် မန်းကပြောပါတယ်။
ဗီလာရီးရဲလ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး ၁ ဂိုးနဲ့ရူံးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက်မှာ နည်းပြ နာဂယ်စ်မန်းအပေါ် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ရှိလာခဲ့တာပါ။
ဆိုရှယ်မီဒီယာတခုဖြစ်တဲ့ အင်စတာဂရမ်ကနေတဆင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုပေါင်း ၄၅၀ အကြိမ်လက်ခံရရှိခဲ့သလို မိခင်ဖြစ်သူကိုလည်း ဆဲဆိုမှုတွေပြုလုပ်ခဲ့ကြတယ်လို့ နည်းပြ နာဂယ်စ်မန်းက ပြောပါတယ်။
“အာလုံးရဲ့ဝေဖန်မှုတွေခံခဲ့ရတာက ပုံမှန်အတိုင်းဖြစ်ပြီး ဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် အင်စတာဂရမ်ကနေ အသက်ကိုခြိမ်းခြောက်မှု ၄၅၀ အကြိမ်အထိ ရှိခဲ့တာကတော့ မလွယ်ကူပါဘူး။ လူတွေက ကျနော့်ကိုသတ်ချင်တယ်ဆိုရင်လည်းထားပါ။ ဒါပေမယ့် ဘောလုံး အကြောင်း ဘာမှမသိတဲ့ ကျနော့်မိခင်ကိုလည်း တိုက်ခိုက်နေကြတာကတော့ နားမလည်နိုင် အောင်ဖြစ်မိတယ်” လို့ နာဂယ်စ်မန်းက ပြောပါတယ်။
အသက် ၃၄ နှစ်ပဲရှိသေးတဲ့ နည်းပြ နာဂယ်စ်မန်းဟာ ပြီးခဲ့တဲ့နှစ်က နည်းပြ ဟန်ဆီဖလစ်ခ် ထွက်ခွာသွားပြီးနောက်မှာ အစားထိုးတာဝန်ယူခဲ့တာဖြစ်ပါတယ်။