close

အကြီးစားကြက်၀ိုင်း

close

April 17, 2022

မုံရွာမြို့နယ်က အကြီးစားကြက်၀ိုင်းတခုကို ဒေသခံ PDF အဖွဲ့ ဖမ်းဆီးအပြစ်ပေး (ရုပ်သံ)

မုံရွာမြို့နယ်ထဲ ဆယ်ကြီးတောကျေးရွာမှာ ကျေးကြီး ကြက်၀ိုင်းတခု ပြုလုပ်နေတယ်ဆိုပြီး ဒေသခံတွေက တိုင်ကြားတာကြောင့် ဧပြီ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ဒေသခံ PDF အဖွဲ့တွေက သွားရောက်ဖမ်းဆီးကာ ဖမ်းမိသူတွေကို ဒဏ်ပေးပြီး ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။

“ဆယ်ကြီးတော-သစ်ညိုပင်လမ်းမကြီးရဲ့ တောင်ဘက်မှာ  သကြင်္န်အကြောင်းပြပြီး ကြက်၀ိုင်းလုပ်နေကြတာ။ အရက်၊ ဘီယာတွေသောက်ပြီး ဘောက်တွေအကျယ်ကြီးဖွင့်ပြီး မူးပြီး ကခုန် ဆူညံနေလို့ဆိုပြီး လှမ်းအကြောင်းကြားလို့  မဟာမိတ် ၄ ဖွဲ့ ပေါင်းပြီး သွားဖမ်းကြတာ။ မိတယ်။ သူတို့ရဲ့ ဖုန်း ၁၂ လုံး နဲ့ ငွေ ၃၀၀၀၀၀ ကျော်ကိုလည်း မိတယ်။ ဖမ်းမိတဲ့ လူတွေကို ဒဏ်ပေးတဲ့အနေနဲ့ ထိုင်ထ ၁၀၀ လုပ်ခိုင်ပြီး နောက်မဆော့ဖို့ ပထမအကြိမ်အနေနဲ့ သတိပေး လိုက်တယ်” လို့ ဒဿ Monywa PDF ပြောက်ကြားတပ်ဖွဲ့ က တာ၀န်ရှိသူက ပြောပါတယ်။ 

ကြက်ဝိုင်းဖမ်းတဲ့အဖွဲ့ကတော့ ဒဿ Monywa PDF ပြောက်ကြားတပ်ဖွဲ့၊ Monywa Generation Tiger ၊ Monywa Special ဒိတ်ဒိတ်ကျဲနဲ့ ‌ဒေါင်းမျိုးဆက်အဖွဲ့တွေ ဖြစ်ပါတယ်။

59 seconds Ago
Up