close

အကြီးစားပေါက်ကွဲမှု

close

May 7, 2022

ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်ရှိ ဟိုတယ်တွင် အကြီးစားပေါက်ကွဲမှုဖြစ်ပွား

ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်မှာရှိတဲ့ လူသိများတဲ့ ဆာရာတိုဂါဟိုတယ်မှာ မေလ ၆ ရက်က အကြီးစား ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

ဟိုတယ်အမိုးတွေ ပြိုကျတဲ့အထိ ပေါက်ကွဲမှုပြင်းထန်ပြီး အနည်းဆုံး လူ ၄ ယောက် သေဆုံးသွားတယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ကျူးဘား နိုင်ငံပိုင် ရုပ်သံက ကြေညာပါတယ်။

ပေါက်ကွဲမှု ဖြစ်တဲ့နေရာအထိ ရောက်သွားတဲ့ ကျူးဘားသမ္မတ မစ်ဂဲလ်ဒီးယက်ကာနဲလ်ကို ကျူးဘား ရုပ်မြင်သံကြားမှာ တွေ့ရပါတယ်။

သမ္မတက ဆာရာတိုဂါဟိုတယ်မှာ ဖြစ်သွားတဲ့ ပေါက်ကွဲမှုဟာ  ဗုံးပေါက်မှုမဟုတ်ဘဲ ဓာတ်ငွေ့ယိုစိမ့်မှုကနေ ဖြစ်တဲ့အကြောင်း ပြောသွားပါတယ်။

ကိုဗစ် ကပ်ဘေးအလွန်မှာ ပြန်ဖွင့်ဖို့ ပြင်ဆင်နေချိန် လေးရက် အလိုမှာပဲ အခုလို ပေါက်ကွဲမှု ဖြစ်တာလို့ ဆာရာတိုဂါဟိုတယ်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

7 mins Ago

June 22, 2021

အမေရိကန်ရေတပ်က လေယာဉ်တင်သင်္ဘောအနီး အကြီးစားပေါက်ကွဲမှု စမ်းသပ်

အမေရိကန်ရေတပ်က ကမ္ဘာ့အသစ်ဆုံးနဲ့ အကြီးဆုံးလေယာဉ်တင်သင်္ဘောတစီးအနားမှာ ကပ်ပြီး စမ်းသပ် ဖောက်ခွဲနေတဲ့ ရုပ်သံကို ဖြန့်ချိလိုက်ပါတယ်။

တန်ချိန် ၁ သိန်း ရှိ  USS ဂျေရတ်အာရ်ဖို့ဒ် လေယာဉ်တင်သင်္ဘောဟာ ဇွန် ၁၈ ရက်က အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းကနေ ထွက်ခွာချိန်မှာ အကြီးစားပေါက်ကွဲခဲ့ပုံကို ရုပ်သံက ပြထားပါတယ်။

ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းကနေ ၁၆၁ ကီလိုမီတာအကွာက ပေါက်ကွဲမှုအင်အားဟာ ငလျင် ရစ်ချတ်တာစကေး ၃.၉ အထိ ပြင်းအားရှိတယ်လို့ အမေရိကန် ဘူမိစစ်တမ်းဌာနက မှတ်တမ်းတင်ထားပါတယ်။

အမေရိကန် ရေတပ်က သူ့ စစ်သင်္ဘောတွေ တိုက်ပွဲအတွင်း ကြုံရနိုင်တဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ အခြေအနေတွေအောက်မှာ စစ်ဆင်ရေး လိုအပ်ချက်ကို ဆက်ပြီး ပြည့်မီအောင် လုပ်နိုင်လား ဆိုတာ စမ်းသပ်ဖို့ ဖောက်ခွဲရေးပစ္စည်းတွေကို သုံးပြီး လေ့ကျင့်နေတယ်လို့ ရေတပ်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

11 months Ago
Up