close

အကြီးစားလက်နက်

close

April 22, 2022

ယူကရိန်းအတွက် အကြီးစားလက်နက်ကူညီရန် ဇလန်းစကီး တိုက်တွန်း

ရုရှားကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းအတွက် အကြီးစား လက်နက်တွေကို ကူညီပေးကြဖို့ သမ္မတ ဇလန်စကီးက တိုက်တွန်းလိုက်ပါတယ်။ 

တချိန်တည်းမှာ အနောက်နိုင်ငံတွေဘက်က ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့ကိုလည်း ပေါ်တူဂီပါလီမန်မှာ ပြောကြားတဲ့ ဗီဒီယို မိန့်ခွန်းမှာ အခုလို တောင်းဆိုလိုက်တာပါ။ 

ရုရှားဟာ ယူကရိန်းဆိပ်ကမ်းမြို့ဖြစ်တဲ့ မာရီယူပိုမြို့အပါအဝင် ယူကရိန်းနိုင်ငံထဲမှာ ဥပဒေမဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတယ်လို့ ပြောပါတယ်။ 

ပေါ်တူဂီနိုင်ငံအနေနဲ့လည်း ရုရှားဆီက ရေနံကို မဝယ်ယူရေး ကမ္ဘာလုံး အတိုင်းအတာ ပိတ်ဆို့ရေးမှာ ပါဝင်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

58 seconds Ago
Up