close

အခမဲ့စစ်ဆေး

close

May 8, 2021

ဘန်ကောက်တွင် အန္တရာယ်ရှိအုပ်စုများမှ အလုပ်သမားများကို ကိုဗစ်-၁၉ အခမဲ့စစ်ဆေးပေး

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့မှာ  ရောဂါကူးစက်မှုဖြစ်ပွားနိုင်ချေ အန္တရာယ်ရှိ အုပ်စုတွေထဲက အလုပ်သမားတွေကို ကိုဗစ်-၁၉ အခမဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

    ဒီစစ်ဆေးမှုကိုတော့ မေလ ၅ ရက်ကနေ ၃၁ ရက်နေ့အထိ ဘန်ကောက်လူငယ်စင် တာ(ထိုင်း-ဂျပန်)မှာ စစ်ဆေးပေးသွားမှာဖြစ်ပြီး အဆိုပါအလုပ်သမားအုပ်စုတွေအနေနဲ့ လူမှုဖူလုံရေးစနစ်မှာ အကျိုးခံစားခွင့်မရှိတဲ့သူတွေ ဖြစ်ရမယ်လို့ ဘန်ကောက်မြို့တော်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ အုပ်ချုပ်ရေးမှူး အက်စ်ဝမ် ကွမ်မောင်က ပြောပါတယ်။

    လူမှုဖူလုံရေးအကျိုးခံစားခွင့်ရှိသူတွေကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့မှာ ကိုဗစ် -၁၉ အခမဲ့စမ်းသပ်မှုတွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

    ဘန်ကောက်လူငယ်စင်တာ (ထိုင်း-ဂျပန်)မှာ နေ့စဉ် လူဦးရေ ၂ ထောင်လောက်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်နိုင်ပြီး ဧပြီ ၁၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ စုစုပေါင်း လူဦး ရေ ၃၂,၄၅၃ ယောက်ကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ၈၀၈ ယောက်မှာ ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

    “မေလ ၅ ရက်နေ့က စတင်ပြီးတော့ ကိုဗစ်-၁၉ အခမဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပေးတဲ့ အလုပ်သမားတွေက လူမှုဖူလုံရေး အကျိုးခံစားခွင့် မရှိတဲ့သူတွေဖြစ်ပြီး လူအများနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ကြရတဲ့ အစားအသောက်ပို့ဆောင်ရေးဝန်ထမ်းတွေ၊ အများ ပြည်သူသုံးယာဉ်မောင်းတွေ၊ အငှားယာဉ်မောင်းတွေစတဲ့ ကူးစက်နိုင်ချေမြင့်တဲ့ အုပ်စု ဝင်တွေ ဖြစ်ပါတယ်”

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအနေနဲ့ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံ တဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၈ သောင်း ၁ ထောင်ကျော်နဲ့ သေဆုံးသူ ၃၈၂ ယောက် ရှိနေပါတယ်။

4 months Ago

December 31, 2020

ပုသိမ်တွင် ကိုဗစ်-၁၉  ရောဂါ အခမဲ့စစ်ဆေးပေးမည့် စင်တာ ၃ ခုဖွင့်လှစ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဒီဇင်ဘာ ၃၀ ရက်နေ့က စတင်ပြီး ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ အခမဲ့ စစ်ဆေးပေးမယ့် စင်တာ ၃ ခုကို ဖွင့်လှစ်ထားပြီ ဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ သံသယရှိတဲ့သူတွေကို အခမဲ့ စစ်ဆေးပေးနိုင်ဖို့အတွက် အမှတ် ၅ အထက်တန်းကျောင်း၊ သာသနာ့ဗိမာန်နဲ့ ခရိုင်မီးသတ်ရုံးတို့မှာ စစ်ဆေးပေးတဲ့ စင်တာ ၃ ခုကို ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို​့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်က မီဒီယာတွေကို ပြောခဲ့တာပါ။ "ဖျားနာတဲ့သူတွေ ပိုးတွေ့တဲ့လူနဲ့ ထိတွေ့မှုရှိတဲ့ လူတွေနဲ့ ရောဂါအဖြစ်များတဲ့ ဒေသကလူတွေ သံသယရှိနေလို့ ရောဂါရှိ မရှိ သိချင်ရင် ဘယ်ကို ဆက်သွယ်ပြီး ဘယ်လိုပြရမယ်ဆိုတာမသိဘူး၊ အဲ့တာကြောင့် ခုလို အခမဲ့စစ်ဆေးနိုင်အောင် စင်တာတွေကို တိုးချဲ့ဖွင့်လှစ်ပေးလိုက်တာပါ"လို့ ပြောပါတယ်။ အရင်တုန်းက ကိုဗစ်ရောဂါပိုးစစ်ဆေးတဲ့နေရာတွေအဖြစ် ပုသိမ်ဆေးရုံကြီး၊ ပုသိမ်မီးသတ်ရုံး နဲ့ ကွာရန်တင်းစင်တာတွေမှာပဲစစ်ဆေးပေးတာဖြစ်ပြီး ခုတော့ သံသယရှိသူတွေအနေနဲ့ ရောဂါ ပိုးစစ်ဆေးပြီး ကြိုတင်ကာကွယ်နိုင်အောင် ခုလို့ တိုးချဲ့ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ရောဂါပိုးရှိ မရှိ စစ်ဆေးချင်တဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက် ရာအိမ်မှူး၊ အုပ်ချုပ်ရေး မှူးတွေနဲ့ကျန်းမာရေးဌာနဝန်ထမ်းတွေကို ဆက်သွယ်ပြီ စင်တာတွေမှာ အခမဲ့စစ်ဆေးနိုင်ဖို့အတွက် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ ခုလို ရောဂါပိုး ရှိ မရှိ အခမဲ့စစ်ဆေးတဲ့စင်တာတွေကို ရောဂါပိုးတွေ့ရှိမှုများတဲ့ ဒေသတွေမှာ အလှည့်ကျပြောင်းရွှေ့ဖွင့်လှစ်သွားမှာဖြစ်ပြီး  ဒေသတစ်ခုမှာ ၁၄ ရက်ဖွင့်လှစ်မှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်အထိ ဧရာဝတီတိုင်းမှာ ကိုဗစ် -၁၉ ကူးစက်ခံထားရတဲ့ အတည်ပြုလူနာ ၄၄၆၉ ထိရှိနေပြီး သေဆုံးသူဦးရေ ၃၈ ဦးထိရှိ လာပြီဖြစ်တယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မင်းထက်မုန်း(ပုသိမ်)
8 months Ago
Up