ထိုင်းနိုင်ငံမှာ နိုဝင်ဘာ ၂၁ မှ ၂၄ ရက်အတွင်း ခရိုင် ၅၄ ခုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး ခရိုင်တချို့မှာ မိုးသည်းထန်ကာ ရေကြီးရေလျှံမှုတွေဖြစ်နိုင်တယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး နိုဝင်ဘာ ၂၃ နဲ့ ၂၄ ရက်တွေမှာ ယွမ်ကျွန်းဆွယ်ကနေ ထိုင်းပင်လယ်ကွေ့ကိုရွေ့လျားလာနိုင်ကြောင်း၊ အဲဒီအချိန်မှာ မုတ်သုန်လေအားကောင်းလာပြီး ဘန်ကောက်အနီးတဝိုက်၊ ထိုင်းအရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်ကာ လျှပ်တပြက်ရေကြီးရေလျှံနိုင်လို့ မြစ်ချောင်းအနီး၊ မြေနိမ့်ပိုင်းနဲ့ တောင်စောင်းဒေသနေပြည်သူတွေသတိထားကြဖို့ ထိုင်းမိုးဇလဌာနက သတိပေးထားပါတယ်။
နိုဝင်ဘာ ၂၁ ရက် မိုးကြီးနိုင်တဲ့ ခရိုင် ၁၂ ခုမှာ ကျန်ထပူရီ၊ တလတ်၊ ဖစ်ချ်ပူရီ၊ ပရကျူပ်ခီရီခန်၊ ချွန်းဖွန်း၊ စူရတ်ဌာနီ၊ နခွန်းဆီထမရတ်၊ ဖတ်ထလုန်း၊ ဆုန်ခလာ၊ ကရပိနဲ့ ဆဒွန်းခရိုင်တွေ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၂ မိုးကြီးနိုင်သောခရိုင် ၃၅ ခုမှာ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ ဆုဖန်းပူရီ၊ အယုဒ္ဓယား၊ စမွတ်ဆုန်ခလမ်း၊ ဘန်ကောက်နှင့်အနီးတဝိုက်၊ နခွန်းနားယုဒ်၊ ပရာကျင်းပူရီ၊ ဆာကယောက်၊ ချချိန်းဆောဝ်း၊ ချွန်းပူးရီး၊ ရယောင်း၊ ကျန်ထပူရီ၊ တလတ်၊ ဖစ်ချ်ပူရီ၊ ပရကျူပ်ခီရီခန်၊ ချွန်းဖွန်း၊ စူရတ်ဌာနီ၊ နခွန်းဆီထမရတ်၊ ဖတ်ထလုန်း၊ ဆုန်ခလာ၊ ပတ်တနီ၊ ယာ့လား၊ နာရာသီဝပ်၊ ရနောင်း၊ ဖန်ငါး၊ ဖူးကက်၊ ကရပိ ၊ တလန်းနဲ့ ဆဒွန်းခရိုင်တွေဖြစ်ပါတယ်။
နိုဝင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက် မိုးကြီးနိုင်တဲ့ ခရိုင်တွေမှာ မုဒ်တာဟန်၊ ချိုင်းယဖုမ်း၊ မဟာဆာရခမ်း၊ လွဲ့အစ်၊ ယဆိုထွန်း၊ အမ်းနတ်ကျရွန်း၊ နခွန်းရာ့ချ်ိဆီမား၊ ဘူရီရမ်၊ စူရင်း၊ ဆီစကစ်၊ ဥဘွန်းရာ့ချ်ဌာနီ၊ နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ ချိုင်းနတ် ၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ ဆုဖန်းပူရီ၊ လုပ်ပူရီ၊ ဆိင်းပူရီ၊ အန်ထောင်း၊ အယုဒ္ဓယ၊ စမွတ်ဆုန်ခလမ်း၊ ဘန်ကောက်အနီးတဝိုက်၊ နခွန်းနားယုဒ် ၊ ပရာကျင်းပူရီ၊ ဆာကယောက်၊ ချချိန်းဆောင်း၊ လုပ်ပူရီ၊ တလတ်၊ ဖစ်ချ်ပူရီ၊ ပရကျူပ်ခီရီခန်၊ ချွန်းဖွန်း၊ စူရတ်ဌာနီ၊ နခွန်းဆီထမရတ်၊ ဖတ်ထလုန်း၊ ဆုန်ခလာ၊ ပတ်တနီ၊ ယာ့လား၊ နာရာသီဝပ်၊ ရနောင်း၊ ဖန်ငါး၊ ဖူးကက်၊ ကရပိ ၊ တလန်းနဲ့ ဆဒွန်းခရိုင်တွေဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော်နဲ့ ထိုင်းပင်လယ်အော်မှာ လှိုင်းကြီးနိုင်ပြီး အမြင့် ၁ မီတာ မှ ၂ မီတာထိ မြင့်တက်နိုင်ကြောင်း ၊ ပင်လယ်ငါးဖမ်းလှေတွေ သတိထားပြီး ထိုင်းပင်လယ်အော်က ငါးဖမ်း လှေငယ်တွေအနေနဲ့ ဒီလိုအချိန်မှာ ကမ်းစပ်ကနေမခွါသင့်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
Ref- ThaiPBS