close

အချိန်ပိုလေ့ကျင့်

close

August 15, 2022

ဘရန့်ဖို့ဒ်ကို အရှက်ရစရာ ဂိုးပြတ်ရှုံးပြီးနောက် မန်ယူအသင်းသားများ နားရက်မရဘဲ အချိန်ပိုလေ့ကျင့်နေရ

မန်ယူနိုက်တက် အသင်းသားတွေဟာ စနေနေ့က ဘရန့်ဖို့ဒ်ကို ၄ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် တနင်္ဂနွေ နေ့မှာ နားရက်မရခဲ့ဘဲ အချိန်ပိုလေ့ကျင့်ခဲ့ရပါတယ်။

အရှက်ရစရာရှုံးပွဲနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်မှုတွေ လုပ်ဖို့လိုအပ်တာကြောင့် နည်းပြတန်ဟတ်ဂ်ရဲ့အမိန့်နဲ့ လေ့ကျင့်ခဲ့ကြရတာပါ။

မန်ယူအသင်းဟာ လီဗာပူးနဲ့ကစားရမယ့် လာမယ့်တစ်ပတ်ပွဲစဉ်ကို အင်္ဂါနေ့ ရောက်မှကစားရ မှာဖြစ်လို့ နားရက် ၉ ရက် လောက်ရရှိမှာပါ။

ဒါပေမဲ့ နည်းပြတန်ဟတ်ဂ်ကတော့ ဘရန့်ဖို့ဒ်နဲ့ပွဲက အမှားတွေကို ရက်မခြားဘဲ သင်ခန်း စာယူပြီး ပြင်ဆင်နိုင်ဖို့ အချိန်ပိုလေ့ကျင့်ခန်းဆင်း စေခဲ့တာဖြစ်ပါတယ်။

၃၅ မိနစ်လောက်အတွင်း လေးဂိုးပေးခဲ့ရတာက လက်ခံနိုင်စရာမရှိလို့ တာဝန်ယူ မှုပြုလုပ်သွားရမှာဖြစ်ကြောင်းနဲ့ ပရိသတ်တွေအတွက် ဝမ်းနည်းမိကြောင်း နည်းပြ တန်ဟတ်ဂ်က ပြောထားပါတယ်။ 

57 seconds Ago
Up