close

အချုပ်ခန်းဖောက် ထွက်ပြေး

close

November 23, 2022

ဘုတ်ပြင်းမြို့မရဲစခန်းမှ အချုပ်သား ၅ ဦး ထွက်ပြေး၊ ၁ ဦး ပြန်ဖမ်းခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့မရဲစခန်းမှာ နိုဝင်ဘာ ၂၂ ရက် မနက် ၂ နာရီ‌လောက်က အချုပ်သား ၅ ဦးအချုပ်ခန်းဖောက် ထွက်ပြေးသွားပြီး တဦး ပြန်လည်ဖမ်းဆီးခံခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

အချုပ်ခန်းဖောက် ထွက်ပြေးသွားတဲ့ အချုပ်သား ၅ ဦးထဲမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့  စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးလုပ်ဆောင်နေသူတဦးနဲ့ CDM ရဲတပ်ဖွဲ့တင်တဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အချုပ်ခန်းဖောက်ခံရပြီးနောက် ထွက်ပြေးသူတွေကို စစ်ကောင်စီဘက်က သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ထွက်ပြေးသူထဲက တဦးကို ကမာချောင်းရပ်ကွက် ဟိုင်းဝေးလမ်းမှာ ပြန်ဖမ်းမိတယ်လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

“မနက်စောစောကြီး သေနတ်သံ သုံးလေးချက် ကြားတယ်။ နောက်တော့ အချုပ်ထောင်ဖောက် ထွက်ပြေးတယ်ဆိုတာ သိလို့ ရဲတွေက သေနတ်ပစ်‌ဖောက်တယ်လို့ သိရတာ။ ၅ ဦး ထွက်ပြေးတယ်။ ထွက်ပြေးတဲ့လူ‌တွေထဲက ၁ ဦး ပြန်ဖမ်းခံထိတယ် ကြားတယ်။ အဲဒီလူက ဘုတ်ပြင်း‌မှာနေတဲ့လူ မဟုတ်ဘူး။ လမ်းမသိလို့ ပြန်ဖမ်းခံထိတာ။”

ဘုတ်ပြင်းမြို့မရဲစခန်း အချုပ်ခန်းဖောက် ထွက်ပြေးပြီးနောက် လွတ်မြောက်နေတဲ့ အချုပ်သားတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီတပ်ဘက်က ဘုတ်ပြင်းမြို့ နေရာတော်တော်များများကို လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ‌ဘုတ်ပြင်းမြို့ခံက ပြောပါတယ်။

6 mins Ago

June 28, 2020

ရသေ့တောင်မြို့မရဲစခန်းတွင် အချုပ်သား ၃ ဦး အချုပ်ခန်းဖောက် ထွက်ပြေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိမြို့မရဲစခန်း အချုပ်ခန်းကနေ အချုပ်သား ၃ ဦး ဇွန်လ ၂၇ ရက်နေ့ မနက်အစောပိုင်း ၄ နာရီကျော်လောက်က အချုပ်ခန်းဖောက် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ရသေ့တောင်မြို့နယ်နပ်ချုပ်ရေးမှူး ဦးအောင်မြင့်က “ဖြစ်စဉ်က မှန်ပါတယ်။ အချုပ်ခန်း ဖောက်ထွင်းခံရပြီး အချုပ်သား ၃ ဦး ထွက်ပြေးလွတ်မြောက်နေတယ်။ ရဲကတော့ ပြန်လည်ဖမ်းဆီးရမိဖို့ ကြိုးစားနေကြတယ်။” ထွက်ပြေးသွားတဲ့ အချုပ်သား ၃ ဦးမှာ ချင်းပြည်နယ်-မတူပီမြို့နယ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရသူ ၁ ဦးနဲ့ ရသေ့တောင်မြို့နယ်က ဖုန်းခိုးမှုနဲ့ အချုပ်ကျနေသူ ၂ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားလွှန်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “အချုပ်သားများထဲမှ ၇ ဦးလောက် ထွက်ပြေးသွားနိုင်တယ်​။ တချို့က ၃ ဦးလို့ ပြောကြတယ်။ တချို့က ၇ ဦးလောက် ရှိတယ်လို့ ပြောတယ်။ အတိအကျကတော့ ရဲစခန်းပဲ သိမှာပါ” လို့ ပြောပါတယ်။ ရသေ့တောင်မြို့နယ်ရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။ လင်းလက်
2 years Ago
Up