close

အချုပ်ထောင်ထဲ ဗုံးကွဲ

close

August 7, 2021

မိုးကုတ်မြို့အချုပ်ထောင်ထဲ ဗုံးကွဲ၊ ရဲတပ်သား ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းက အချုပ်ထောင်မှာ သြဂုတ် ၇ရက် ညနေပိုင်းက ဗုံးကွဲခဲ့ပြီး ရဲတပ်သား ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မိုးကုတ်မြို့တောင်ကချင်ရပ်ကွက်ရှိ အချုပ်ထောင်ထဲမှာ ဗုံးကွဲတာဖြစ်ပြီး ရဲတပ်သား တစ်ဦးက ခြေထောက်ထိထားပြီးနောက်တစ်ဦးကတော့ မျက်နှာထိထားတယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။ 

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်အုပ်စုက ကားနဲ့ရောက်လာပြီး  ဒဏ်ရာရထားသူတွေကို ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

12 hours Ago
Up