close

အချုပ်ထောင်

close

June 8, 2021

မိုးကုတ်မြို့ အချုပ်ထောင်ရှေ့တွင် ရဲကို လူ ၁ ဦးက တုတ်ဖြင့်ရိုက်ထွက်ပြေး

မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ အချုပ်ထောင်ရှေ့မှာ ဇွန်လ ၇ ရက် ည ၈ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ဝင် တစ်ယောက်ကို  အမျိုးသားတစ်ယောက်က တုတ်နဲ့ ဝင်ရိုက်ထွက်ပြေးခဲ့တယ်လို့ ​ဒေသခံတွေဆီက သိရပါတယ်။ 

“ရဲကို တုတ်နဲ့ ရိုက်ပြီးထွက်ပြေးတာ၊ ထောင်ထဲက ရဲတွေက လိုက်ဖမ်းတာ ရိုက်တဲ့သူကို ဖမ်းမိသွားတယ်”လို့ အနီးအနားနေသူတစ်ဦးက ပြောပါတယ်။ 

မိုးကုတ်မြို့မှာ ဇွန်လ ၂ရက်နေ့ ညကလည်း လမ်းလျှောက်ထွက်လာတဲ့ မိုးကုတ်မြို့ဒုစခန်းမှူး ဓားနဲ့ခုတ်ခံရပြီး အခြေအနေမစိုးရိမ်ရဘူးလို့  သိရပါတယ်။ 

ဒုစခန်းမှူး ဓားနဲ့ခုတ်ခံရပြီးနောက်ပိုင်း မြို့ထဲကလမ်းတွေမှာ တပ်ချထားပြီး ဆိုင်ကယ်နဲ့ ဖုန်းစစ်ဆေးတာတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။

1 month Ago

February 15, 2021

နေပြည်တော်၌ ဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အချုပ်ထောင်ပို့

နေပြည်တော်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ အခြေခံပညာ ကျောင်းသားအယောက် ၃၀ လောက်ကို  ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်မနက်မှာ  ရဲတပ်ဖွဲ့က  ဖမ်းဆီးပြီး အချုပ်ထောင်ဆီကို ခေါ်ဆောင်သွားပါတယ်။ 

“ရွှေကြာပင် အထက ၁၄ ကျောင်းသားတွေက လမ်းလျှောက်ပြီးတော့ စည်ပင်သာယာ အဆင့်မြင့်ဈေးရှေ့ကို သွားတယ်။ နာရီဝက်လောက် (ဆန္ဒ) ပြပြီးတော့ ပြန်လာတယ်။ ကျနော်တို့က သူတို့ကို ကားနဲ့သွားကြိုနေတုန်းမှာ ဖမ်းသွားတာ။ စုစုပေါင်း အယောက် ၃၀ ပါ။ ယောင်္ကျားလေးတွေချည်းပါပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဖမ်းခံရသူတွေဟာ ၁၀ တန်းကျောင်းသားတွေဖြစ်ပြီး သူတို့ကို နေပြည်တော် အချုပ်ထောင်ကို ခေါ်သွားတာကြောင့် ကျောင်းသားမိဘတွေနဲ့  ပြည်သူတွေက အကျဉ်းထောင် ရှေ့ကိုသွားပြီး လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။

ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးသူတွေ အများအပြားပါဝင်နေတဲ့အတွက် ချက်ချင်းပြန်လွှတ်ပေးဖို့ ရှေ့နေက ပြောဆိုရာမှာ တာဝန်ကျ အကျဉ်းဦးစီးဌာန အရာရှိတစ်ဦးက အထက်ကို တင်ပြပေးမယ့်အကြောင်းနဲ့ ဥပဒေအတိုင်းဆောင် ရွက်ပေးမှာဖြစ်တယ်လို့ တုံ့ပြန်ပြောပါတယ်။ 

5 months Ago
Up