close

အခြေခံစားသောက်ကုန်များ လှူဒါန်း

close

September 1, 2021

ညောင်ဦး အခြေခံလူတန်းစာ အိမ်ထောင်စု ၂၅၀၀ ကျော်အတွက် အခြေခံစားသောက်ကုန်များ လှူဒါန်း

ညောင်ဦးမြို့နယ်မှာ သြဂုတ် ၃၁ရက်က အခြေခံလူတန်းစာ အိမ်ထောင်စု ၂၅၀၀ ကျော် အတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့တယ်လို့ ကရုဏာလက်ကမ်း ပရဟိတအသင်းက သိရပါတယ်။

ညောင်ဦးမြို့နယ်က ကုသိုလ်ရှင်တွေ၊ ဂရုဏာလက်ကမ်းပရဟိတအသင်း နဲ့ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံ အောက်ဆီဂျင် အထောက်အကူပြုအဖွဲ့ကြီးတို့ စုပေါင်းပြီး ဒုတိယအကြိမ်မြောက် အခြေခံစားသောက်ကုန်လှူဒါန်းတာပါ။

ဒုတိယအကြိမ် လှူဒါန်းမှုမှာ မုန်လာထုပ်၊ ခရမ်းချဉ်၊ အာလူး၊ ချဉ်ပေါင်၊ ပဲသီး၊ ဂေါ်ရခါး၊ ကြက်သွန်၊ရွှေဖရုံ၊ ခရမ်းသီး၊ ဂျင်းတက် စတဲ့ မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်တွေကို တစ်အိမ်ထောင် သုံးမျိုး၊ လေးမျိုးနှုန်း အိမ်ထောင်စု ၂၅၀၀စုကို လှူဒါန်းခဲ့တာပါ။

ပထမအကြိမ် လှူဒါန်းမှုကို သြဂုတ် ၂၂ရက်က ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခြေခံလူတန်းစား အိမ်ထောင်စု ၂၀၀၀စုကို လှူဒါန်းပေးနိုင်ခဲ့ပါတယ်၊ ဒီနေ့ထိ စုစုပေါင်း အခြေခံလူတန်းစာ အိမ်ထောင်စု ၄၅၀၀ စုကျော်ကို လှူဒါန်းပေးနိုင်ခဲ့တာပါ။

နိုင်ငံရေးအကျပ်အတည်း နဲ့ ကိုဗစ်တတိယလှိုင်းကာလ စားဝတ်နေရေး အလွန် ခက်ခဲနေတဲ့ အိမ်ထောင်စု အများအပြားရှိရာ တတ်နိုင်သူတွေမှာ စာနာဖေးကူစားနပ်ရိက္ခာများ လှူဒါန်းကြဖို့ လိုအပ်ပါတယ်။

11 mins Ago
Up