close

အခြေခံစားသောက်ကုန် ထောက်ပံ့

close

August 11, 2021

မြိုင်မြို့နယ်က ဝင်ငွေနည်းမိသားစု ၅၇၀ ကျော်ကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေး

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်ထဲမှာ သြဂုတ် ၁၁ ရက်နေ့က ဝင်ငွေနည်းမိသားစု ၅၇၀ ကျော်အတွက် အလှူရှင်တွေက အခြေခံစားသောက်ကုန် ၅ မျိုးကို ၅၀၀ ကျပ်နဲ့ ရောင်းချပေးသလို လှူဒါန်းထောက်ပံ့တာတွေလည်း ပြုလုပ်ပေးခဲ့ကြတယ်လို့ အလှူရှင်တွေဆီကနေ သိရပါတယ်။

မြိုင်မြို့ပေါ်မှာ ဝင်ငွေနည်းမိသားစု ၃၈၄ စုအတွက် တအိမ်ထောင်ကို ဆန်တစ်ပြည်၊ ဆားတစ်ထုပ်၊ ကြက်သွန်နီတစ်ထုပ်၊ ခဝဲသီးတစ်ထုပ်နဲ့ ခရမ်းချဉ်သီး တစ်ထုပ်ကို ငွေ ၅၀၀ ကျပ်တည်းနဲ့ ရောင်းချပေးခဲ့တယ်လို့ အလှူရှင်တစ်ယောက်က ပြောပါတယ်။

ဒါအပြင် ထနောင်းကုန်းကျေးရွာမှာလည်း နောက်ထပ်အလှူရှင်တစ်ယောက်က ဝင်ငွေနည်း မိသားစု ၁၉၀ အတွက် ဆန်နဲ့ ကြက်သွန်နီတွေ အခမဲ့ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

အခုလို လှူဒါန်းရတာဟာ ကိုဗစ်တတိယလှိုင်းမှာ ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်ပြီး ဝင်ငွေမရှိကြတာကြောင့် ပြည်သူက ပြည်သူကို ထောက်ပံ့ပေးရမယ်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ လှူဒါန်းပေးတာလို့ ဆိုပါတယ်။

3 days Ago

October 15, 2020

ကယားပြည်နယ်က မော်တော်ယာဉ်လုပ်သား ၇၀၀ ကို အခြေခံစားသောက်ကုန် ထောက်ပံ့

ကိုဗစ်-၁၉  ကပ်ဘေးကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ကယားပြည်နယ်ရှိ မော်တော်ယာဉ်လိုင်း ပေါင်းစုံက လုပ်သား ၇၀၀ ကို အခြေခံစားသောက်ကုန် ၂ မျိုး ဒီကနေ့ ထောက်ပံ့ပေးခဲ့ပါတယ်။ ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးအောက်မှာရှိတဲ့ ခရီးသယ်ပို့ ဆောင်ရေး ယာဉ်လိုင်းအားလုံးရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ ဂိတ်မှူးအပါအဝင် အခြေခံလုပ်သားတွေအတွက်  ဆန် နဲ့ ဆီ၊ ၂ မျိုးကို ထောက်ပံ့ပေးတာလို့ ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံအေးက ပြောပါတယ်။  ကယားပြည်နယ်အတွင်း ခရီးသည်တင်ယာဉ်လိုင်းတွေကို စက်တင်ဘာ ၁၂ ရက်ကစပြီး ပိတ်ထားလိုက်တာကြောင့် စားဝတ်နေရေးအခက်ဖြစ်တဲ့လုပ်သားတွေကို ကူညီထောက်ပံ့တာလို့  ဦးစံအေးက ပြောပါတယ်။ “ကျနော်တို့ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်တွေလည်း ဒီလုပ်ငန်းတခုကိုသာ ဦးတည်လုပ်နေတာ ဒီလုပ်ငန်းမလုပ်တဲ့အခါကျတော့  စားဝတ် နေရေးခက်ခဲတဲ့အတွက်ကြောင့် မိုလို့  ကျနော်တို့ ကော်မီတီတွေက ဆင့်ကဲအစည်းအဝေးထိုင်ပြီးတော့ ဒါပေးသင့်တယ်၊ ဒီထက်ကြာရင်လည်း ထပ်ပေးဖို့ ကျနော်တို့ စီမံဆောင်ရွက်ထားတာရှိတယ်။ ” ဒီလိုထောက်ပံ့တာဟာ တတိယ အကြိမ်ထောက်ပံ့တာဖြစ်ပြီး ပထမ ၂ ကြိမ်က ဆန် ၈ ပြည်နဲ့ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်  ၁ ပိဿာစီ ထောက်ပံ့ပေးခဲ့ပြီး အခု တတိယအကြိမ်မှာတော့  ဆန် ၁၂ ပြည်နဲ့၊ ဆီ ၁  ပိဿာ ထောက်ပံ့တာဖြစ်ပါတယ်။ ဒီလိုထောက်ပံ့တာဟာ  ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေး ကော်မီတီကနေပြီး နေ့စဉ်စုဆောင်းထားတဲ့ငွေတွေကနေ ထောက်ပံ့တာဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာ မရှိသေးတဲ့ ကယားပြည်နယ်မှာ ဆက်ပြီး ထိန်းသိမ်းနိုင်အောင်လည်း အခုလို လုပ်ဆောင်တာဖြစ်ကြောင်းလည်း ဦးစံအေးက ပြောပါတယ်။ “အခုလိုကျနော်တို့ ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ကိုဗစ်ကာလအတွင်းမှာ ကျနော်တို့ ကိုဗစ်ကို ထိန်းချုပ်ဖို့အတွက် ကယားပြည်နယ်မှာ ကျနော်တို့ ကိုဗစ်ကင်းစင်တဲ့ပြည် နယ်ဖြစ်တဲ့အလျှောက် ဒီလိုကင်းစင်အောင်နေနိုင်ဖို့အတွက် ကျနော်တို့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အားလုံးနဲ့ ကျနော်တို့ ထိန်းချုပ်နိုင်တယ်ဆိုတာကို ကျနော်တို့ ပြည်နယ်ကိုယ်စား ကော်မီတီအနေနဲ့များစွာ ဂုဏ်ယူပါတယ်။” လွိုင်ကော်-မန္တလေး ပြေးဆွဲနေတဲ့ သန်မြန်သူယာဉ်လိုင်းက ယာဉ်မောင်းတဦးဖြစ်သူ ဦးမိုးခိုင်ကတော့ ကားမထွက်ရတော့တဲ့အတွက် ရှိတဲ့အလုပ်နဲ့သာ လုပ်ကိုင်ပြီး စားဝတ်နေရေး ဖြေရှင်းနေရကြောင်း ပြောပါတယ်။ “ပိတ်ထားတာကလည်း အခု တလကျော်ပြီဆိုတော့ ခေါက်တိုလေးတွေလိုက်တယ်၊ အတိုအထွာလေးတွေပဲ လုပ်ပြီး စားနေရတာပေါ့။ ကားမထွက်ရတော့ အခက်အခဲကတော့ ကားထွက်တဲ့အချိန်တုန်းနဲ့ စာရင်တော့ အခက်အခဲရှိတာပေါ့။” လွိုင်ကော်- ကျောက်ပန်းတောက်၊ မြင်းခြံဆီကို ပြေးဆွဲနေတဲ့ ရွှေလွန်းပျံ ယာဉ်လိုင်းက ယာဉ်မောင်းတဦး ကလည်း “ခက်ခဲကြတာပေါ့ အအား၊ ဒီအလုပ်ပဲ လုပ်စားတတ်တာကော၊ ဒီအလုပ်တွေက ပိတ်ထားတော့ အစိုးရက ချမှတ်ထားတဲ့စည်းကမ်းလည်း ဖောက်ဖျက်လို့ကလည်း မရဘူးလေးနော်။ ခက်ခဲပေမယ့်လည်း ဒီတိုင်းပဲနေရတာပေါ့။ စားဝတ်နေရေးအတွက် အဲလိုဝေတဲ့ အတွက်အရမ်းကျေးဇူးတင်တာပေါ့။ ရောဂါမပြီးမချင်း ဝေပေးပါစေလိုပဲ ဆုတောင်းရမလိုဖြစ်နေပြီ။” ပြည်နယ်အတွင်းပြေးဆွဲနေတဲ့ အောင်တံခွန်ယာဉ်လိုင်းက ယာဉ်မောင်း ဦးကျော်ခိုင်ကတော့ ပြည်နယ်တွင်းမှာ ယာဉ်ပြေးဆွဲလို့ရသေးတဲ့အတွက် တခြားအဝေးပြေးယာဉ်လိုင်းတွေလို မခက်ခဲသေးပေမယ့် အခုလို ကူညီထောက်ပံ့မှုပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာကြောင်း ပြောပါတယ်။          ကယားပြည်နယ်ကနေ ပြေးဆွဲနေတဲ့ အဝေးပြေးခရီးသည်တင်ယာဉ်အားလုံး စက်တင်ဘာ ၁၂ ရက်ကစပြီး  ပြေးဆွဲမှုယာယီရပ်ဆိုင်းဖို့ ပြည်နယ်အစိုးရက ညွှန်ကြားထားပါတယ်။
10 months Ago
Up