close

အခြေခံပညာကျောင်း

close

June 28, 2022

အွန်လိုင်းမှ ကြားကာလပညာသင်ကြားရေး အစီအစဉ် တက္ကသိုလ်နှင့် ကျောင်းအချို့ ပြုလုပ်

တက္ကသိုလ်နဲ့ ကျောင်းတွေမှာ ပုံမှန်သင်ကြားတာတွေ မလုပ်နိုင်သေးတဲ့ အခုလိုအချိန်မှာ အွန်လိုင်းကနေ ကြားကာလပညာသင်ကြားရေး အစီအစဉ်တွေကို တက္ကသိုလ်နဲ့ ကျောင်းတချို့က ပြုလုပ်နေပြီဖြစ်ပါတယ်။

CDM ကျောင်းသူကျောင်းသားတွေအပြင် ဘယ်သူမဆိုသင်ယူနိုင်တာမျိုးကိုလည်း စီစဉ်ပို့ချနေတာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနကလည်း ကြားကာလပညာရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ သဘောထားစစ်တမ်းကောက်ယူနေပါတယ်။

သန်လျင်နည်းပညာတက္ကသိုလ်ကတော့ NUG ပညာရေးရေးဝန်ကြီးဌာနက ပေးအပ်ထားတဲ့ စီမံခန့်ခွဲပိုင်ခွင့်အရ စဉ်ဆက်မပြတ်ပညာရေးအတွက် ကြားကာလသင်ကြားရေး အစီအစဉ်အဖြစ် Basic Phython Programming for Engineers Course ကို ဇူလိုင် ၄ ရက်နေ့ စတင်သင်ကြားမှာ ဖြစ်ပါတယ်။

ဒီသင်တန်းကို ဘယ်သူမဆို တက်ရောက်နိုင်မှာဖြစ်ပြီး တပတ်မှာ ၂ ရက်နှုန်းနဲ့ ၄ ပတ်ကြာ အခမဲ့ ပို့ချမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်ဖို့အတွက်ကတော့ https://forms.gle/HqSJnhpApd3tei486 ကနေ လျှောက်ထားရမှာဖြစ်ပြီး ဇွန် ၂၉ ရက် မနက် ၁၀ နာရီနောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။

မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂကလည်း လူ့အခွင့်အရေးအကြောင်း အသိပညာပေး အစီအစဉ်ကို ဇူလိုင် ၁ ရက်နဲ့ ၂ ရက်တို့မှာ အွန်လိုင်းကနေ ပို့ချဆွေးနွေးမှာဖြစ်ပြီး https://forms.gle/Qv86D7FjncvYpUXW8 ကနေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒဂုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီကလည်း တော်လှန်ရေးကာလအတွင်းမှာ လက်လှမ်းမီရာ ပညာတွေ ဆည်းပူးနေနိုင်ဖို့အတွက် ဘာသာစကား၊ စာပေ၊ နိုင်ငံရေး၊ လူမှုသိပ္ပံ၊ သဘာဝသိပ္ပံနဲ့ တော်လှန်ရေးအတွေးအခေါ် စတဲ့ဘာသာရပ်တွေကို ဒဂုံတက္ကသိုလ်ရဲ့ CDM ကျောင်းသူ ကျောင်းသားတွေအတွက် စီစဉ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပထမဆုံးသင်တန်းအနေနဲ့ နေ့စဉ်သုံးအင်္ဂလိပ်စကားကို သင်ကြားပေးမှာဖြစ်ပြီး စစ်ကျွန်ပညာရေး သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေ အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

၂ လကြာမယ့် ဒီသင်တန်းကို ဇူလိုင် ၂ ရက်နေ့မှာ စတင်မှာဖြစ်ပြီး https://docs.google.com/.../1FAIpQLSellxgiMBk.../viewform... ကနေ ဇွန် ၂၉ ရက် နောက်ဆုံးထား စာရင်းပေးသွင်းလျှောက်ထားရမှာ ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်တာနဲ့ စစ်တပ်အာဏာသိမ်းအကြမ်းဖက်မှုတွေကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရတဲ့ ပညာရေးအတွက် ကျောင်းသားကျောင်းသူတွေ ဆက်လက်သင်ယူခွင့်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေး ဝန်ကြီးဌာနက သက်ဆိုင်ရာ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ စီစဉ်နေတာဖြစ်ပါတယ်။

အင်ဂျင်နီယာတွေအတွက် စီမံကိန်း စီမံခန့်ခွဲရေးသင်တန်းကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လျှောက်လွှာခေါ်ယူခဲ့သလို ဝန်ကြီးဌာနရဲ့ သက်မွေးပညာကော်မတီကလည်း လက်တွေ့အသုံးချနိုင်တဲ့ အသိပညာတွေကို ပို့ချပေးနေတာ တွေ့ရပါတယ်။

အတွေးအခေါ်နဲ့ လက်တွေ့အသုံးချဘာသာရပ်တွေကို သင်ကြားပေးနေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတဲ့ ဘားမားအကယ်ဒမီကို ဝင်ရောက်လေ့လာချင်ရင်တော့ https://burma.ac/ မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။

ပညာရှာလို့တဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ ကြားကာလ ပညာသင်ယူနိုင်ဖို့ မြေပြင်ပညာရေး ၊ အွန်လိုင်းပညာရေးနဲ့  နေအိမ်အခြေပြုပညာရေးဆိုပြီး နည်းလမ်း ၃ မျိုးနဲ့  လေ့လာသင်ယူနိုင်တာ ဖြစ်ပါတယ်။

မြေပြင်ပညာရေးအနေနဲ့ လွတ်မြောက်နယ်မြေတွေ၊  တိုင်းရင်းသားဒေသတွေရှိ မြေပြင်ရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းတွေ၊ တိုင်းရင်းသားပညာရေးကျောင်းတွေနဲ့ ဒေသအခြေပြုကျောင်းတွေမှာ သင်ယူနိုင်တာဖြစ်ပါတယ်။ 

အွန်လိုင်းပညာရေးကတော့ အင်တာနက်လိုက်ရရှိတဲ့ နေရာကနေ ပြည်သူ့အခြေပြု ပုဂ္ဂိလိက အွန်လိုင်းကျောင်းတွေနဲ့ အန်ယူဂျီပညာရေးဌာနက စီစဉ်ဖွင့်လှစ်ထားတဲ့ သင်တန်းတွေမှာ   လေ့လာ သင်ယူနိုင်ပါတယ်။

NUG ပညာရေးဝန်ကြီးဌာနက စီစဉ်ပေးထားသော နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်မှာတော့ အတန်းစုံ၊ ဘာသာစုံ၊ သင်ရိုးကုန် သင်ခန်းစာတွေကို ရယူ/ဖြန့်ဝေပေးပြီး နေအိမ်အခြေပြုသင်ယူခြင်းဆိုင်ရာလမ်းညွှန်စာအုပ်ကို ဖတ်ရှုလေ့လာကာ ကိုယ်တိုင်သင်ယူနိုင်ဖို့ စီစဉ်ပေးထားတာရှိပါတယ်။

ကြားကာလပညာရေးအစီအစဉ်တွေအပေါ် NUG အစိုးရက သဘောထားစစ်တမ်း ကောက်ယူနေရာမှာ ကျောင်းသားတွေက https://forms.gle/UVDckdkHiWLzZhHaA မှာ ဝင်ရောက်ဖြည့်စွက်နိုင်ပြီး ဆရာတွေကတော့ https://forms.gle/bTFxCmjjK6DgKPGH8 ကနေ ဝင်ရောက်ဖြည့်စွက် သဘောထားမှတ်ချက်ပေးနိုင်တယ်လို့သိရပါတယ်။

NUG ပညာရေးဌာနရဲ့  Telegram Channels တွေမှာ အတန်းစုံ ဘာသာစုံ သင်ရိုးကုန် အခမဲ့ ကိုယ်တိုင်သင်ယူနိုင်ပါတယ်။

ကျောင်းသားစာရင်းသွင်းရန် Registration Link များ—

https://www.facebook.com/BE.moeNUG/videos/197328219101134

Grade 11 MBEH Channel

https://t.me/joinchat/Z6cZ9Gf-ubxlMWQ1

Grade 10 MBEH Channel

https://t.me/joinchat/0dB_0tSgLTowMjI9

Grade 9 MBEH Channel

https://t.me/joinchat/h_dGU4hsGHc3MzA1

Grade 8 MBEH Channel

https://t.me/joinchat/TxHWca5RuotjNzll

Grade 7 MBEH Channel

https://t.me/joinchat/h8CsmPfQscNkMDQ1

Grade 6 MBEH Channel

https://t.me/joinchat/IHxvVfJgZUxiOTQ9

Grade 4 MBEH Channel

https://t.me/joinchat/3LCw19ztMcowOGI1

Grade 3 MBEH Channel

https://t.me/joinchat/C9JBzMp09Gw0YTU1

Grade 2 MBEH Channel

https://t.me/joinchat/U2R4xHQtnBhiOThl

Grade 1 MBEH Channel

https://t.me/joinchat/9ntMcoRSIdtmMWI1

KG MBEH Channel 

https://t.me/joinchat/Wv9mDvMa7aFkOWVl

MBEH (IT Curriculum) Channel

https://t.me/MBEHItCurriculum

MBEH (Federal Democracy) Channel

https://t.me/MBEHFederalDemocracy

Teacher Education CPD MBEH Telegram Channel

https://t.me/+XxeaJQUKtYwwNWY1

Myanmar Basic Education Home (MBEH Bluemark Official Page) (Hotline Messenger)

https://www.facebook.com/BE.moeNUG/

7 mins Ago

May 26, 2022

အခြေခံပညာကျောင်းများတွင် စတင် ကျောင်းအပ်နှံနေ

အာဏာသိမ်းစစ်ကောင်စီရဲ့ ပညာရေးဌာနက နိုင်ငံတဝန်း အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ဖို့ ကျောင်းသူကျောင်းသားတွေကို  မေလ ၂၆ ရက် ဒီနေ့မနက်က  စတင်ကျောင်းအပ် လက်ခံနေပြီဖြစ်ပါတယ်။

အခြေခံပညာကျောင်းသား ကျောင်းသူတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေး အခြေအနေတို့ကြောင့် ပညာသင်နှစ် ၂ နှစ်လောက် ကျောင်းမတက်နိုင်ခဲ့ဘဲ ဒီနှစ်မှာတော့ ကျောင်းတက်ရောက်ဖို့ ကျောင်းအပ်နှံနေကြတာလည်း ဖြစ်ပါတယ်။

ကျောင်းအပ်နှံရေး ရက်မတိုင်ခင်က တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ ကျောင်းတွေမှာ မတက်ရောက်ဖို့ နဲ့ စစ်ကျွန်ပညာရေးသပိတ်မှောက်ဖို့ တိုက်တွန်းတာတွေရှိပေမယ့် ဒီနှစ်မှာ ကျောင်းအပ်တာက ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

ကျောင်းသားကျောင်းသူတွေအတွက် NUG က ကြားကာလပညာရေးအစီအစဉ်တွေကို အကောင်အထည်ဖော်ပေးနေပါတယ်။

စစ်ကောင်စီရဲ့ ပညာရေးဌာနက ကျောင်းအပ်နှံရေးသီတင်းပတ်ကို ဒီနေ့ မေလ ၂၆ ကနေ ဇွန် ၁ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး ဇွန် ၂ ရက်နေ့ ကျောင်းဖွင့်မှာလည်း ဖြစ်ပါတယ်။

Photo- နေပြည်တော်ကောင်စီ

1 month Ago
Up