close

အခြေခံပညာစာမေးပွဲအောင်စာရင်

close

April 21, 2023

အခြေခံပညာစာမေးပွဲအောင်စာရင်း ဧပြီ ၂၇ ရက်နေ့ ထွက်မည်

၂၀၂၂-၂၃ ပညာသင်နှစ်ရဲ့ အခြေခံပညာအတန်းတွေရဲ့ အောင်စာရင်းတွေကို ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်တယ်လို့ စစ်ကောင်စီပညာရေးဌာနက သိရပါတယ်။

အခြေခံပညာအတန်းတွေဖြစ်တဲ့ KG ကနေ Grade 11 အထိစာမေးပွဲအောင်စာရင်းတွေကို အခုလ ၂၇ ရက်နေ့မှာ အခြေခံပညာကျောင်းအသီးသီးနဲ့ သက်ဆိုင်ရာပုဂ္ဂလိက ကျောင်းတွေမှာ ကြေညာမှာဖြစ်တယ်လို့ ပညာရေးဌာနက တာဝန်ရှိသူတဦးကဆိုပါတယ်။

ဒါ့အပြင် နောက်ဆုံးနှစ်အဖြစ်ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကိုတော့ ပုံမှန်ထုတ်ပြန်နေကျဖြစ်တဲ့ ဇွန်လမှာ ထုတ်ပြန်ကြေညာနိုင်ဖွယ်ရှိပြီး လက်ရှိမှာ ဖြေဆိုပြီးသားဖြစ်တဲ့အဖြေလွှာတွေကို သက်ဆိုင်ရာ မြို့အသီးသီးက တက္ကသိုလ်တွေမှာ စစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။

အရင်က အခြေခံပညာအတန်းတွေရဲ့ စာမေးပွဲအောင်စာရင်းတွေကို နှစ်ဆန်း ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလေ့ရှိပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စာမေးပွဲအောင်စာရင်း ထုတ်ပြန်တာတွေကို ဧပြီလကုန်ပိုင်းမှပဲထုတ်ပြန်ကြေညာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းသားကျောင်းသူ ၇ သန်းကျော်တက်ရောက်ခဲ့ပါတယ်။

လာမယ့်ပညာသင်နှစ်ဖြစ်တဲ့ ၂၀၂၃-၂၄ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းသားကျောင်းသူ ပိုမိုတိုးတက်လာဖို့ စစ်ကောင်စီပညာရေးဌာနက ခန့်မှန်းထားပြီး KG+12 ပညာရေးကိုလည်း စတင်တော့မှာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့ အနေနဲ့ သန်းတဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ CDM ဆရာဆရာမတွေကတော့ ကျောင်းမတက်ပဲ သပိတ်မှောက် နေကြတာလည်း ရှိပါတယ်။

16 mins Ago
Up