close

အခြေခံပညာမူလတန်းကျောင်း

close

May 21, 2021

ပခုက္ကူမြို့နယ် မြို့စိုးရွာ အခြေခံပညာမူလတန်းကျောင်း ဆရာမအဆောင် မီးလောင်

ပခုက္ကူ မြို့နယ်၊ မြို့စိုးအုပ်စု၊ မြို့စိုးရွာ အခြေခံပညာ မူလတန်းကျောင်းက ဆရာမတွေနေတဲ့အဆောင် မေ ၂၀ ရက် မနက်ပိုင်းက မီးလောင်ခဲ့ပါတယ်။

မီးလောင်နေတုန်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့တပ်ကရောက်လာပြီး ဘယ်ကိုမှ သတင်းမပို့ရဆိုပြီး ရွာသားတွေ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ဖျက်ခိုင်းတယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးတာတွေလုပ်ပေမဲ့ ညပိုင်းအထိတော့ ဘယ်သူ့ကိုမှ ဖမ်းဆီးတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအဆောင်မှာ အခု လူနေတာမရှိဘဲ လျှပ်စစ်ဝါယာရှော့ကြောင့် လောင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။

5 mins Ago
Up