close

အခြေခံလူတန်းစားအိမ်ထောင်စု

close

August 30, 2021

မုံရွာတွင် အခြေခံလူတန်းစားအိမ်ထောင်စု ၁၅၀၀ ကျော်အတွက် စားသောက်ကုန်များ လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဘုရားကြီးရပ်ကွက်မှာ စေတနာရှင်တွေက ဒေသခံပြည်သူတွေအတွက်  သြဂုတ် ၃၀ ရက် ဒီနေ့မနက်ပိုင်းက အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့ပါတယ်။

ဒီလှူဒါန်းမှုမှာ ဆန်၊ ခရမ်းချဉ်သီး၊ ကြက်သွန်၊ အားလူး၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ စတဲ့ အခြေခံစားသောက်ကုန်တွေအပြင် ငွေကျပ် ၁၀၀၀ စီကို  တုံကင်စနစ်နဲ့ ဝေငှလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

တုံကင်မရရှိလိုက်တဲ့ အခြေခံလူတန်းစာအိမ်ထောင်စုအတွက် ဝေစုမရလိုက်တာ မရှိစေဖို့ အစု ၅၀၀ စာ အရန်ထားရှိကာ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

Photo - Ko Aung Myint

6 mins Ago
Up