စီးပွားရေး လုပ်ငန်းရှင်တွေ အခွန်ဆောင်ကြဖို့ အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိအားပေးပြောဆိုခဲ့တယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
အာဏာသိမ်းစစ်ခေါင်ဆောင်ဟာ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI နဲ့ ရန်ကုန်တိုင်းထဲက အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကို ရန်ကုန် ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်မှာ အောက်တိုဘာ ၃ ရက်နေ့က တွေ့ဆုံတုန်း အခုလိုပြောဆိုခဲ့တာလို့ တက်ရောက်ခဲ့တဲ့လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“ပြောရရင် အပျော့ဆွဲနဲ့ ဖိအားပေးတာပေါ့။ အခွန်မှန်မှန်ဆောင်ဖို့၊ မြန်မာနိုင်ငံက အခွန်ဘယ်လောက်သက်သာတဲ့ နိုင်ငံဖြစ်တယ်ဆိုပြီးပေါ့။ စီးပွားရေးနဲ့ ပတ်သက်လို့ စကစ က လုပ်နေတာတွေ ရှင်းပြတယ်။ အဓိကတော့ပြောချင်တာ အခွန်ဆောင်ဖို့ လုပ်ငန်းရှင်တွေကို တင်းကြပ်ချင်တယ်။ ဒါ့ကြောင့် နေပြည်တော်ခေါ်ပြီး ဖိအားပေးတဲ့ သဘောပါပဲ” လို့ ရှင်းပြပါတယ်။
စစ်ကောင်စီလက်ထက်မှာ စစ်တပ်ဒေါက်တိုင်မဖြစ်အောင် အခွန်မဆောင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းတာတွေ ရှိနေတာပါ။
ဒီတွေ့ဆုံပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေကို ဝန်ခံခဲ့ပြီး နိုင်ငံတည်ငြိမ်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ဖိအားပေးပြောကြားခဲ့တယ်လို့လည်း လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“စစ်တပ်က သူတို့ ဒေါ်လာဈေးငြိမ်အောင် ပြန်ထိန်းပေးထားတယ်။ ရွှေဈေးရောပေါ့။ မင်းတို့ စီးပွားရေးတွေ ပြန်လည်ပတ်ကြ။ အခွန်တွေ ငါ့ဆီတော့ လာဆောင်ကြဖို့ ဖိအားပေးတာ”လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အခွန်ဆောင်ဖို့ အဲဒီလို ပြောဆိုနေတာဟာ စစ်ကောင်စီဟာ ငွေကြေးလိုအပ်နေပြီး စစ်ကောင်စီရဲ့ အရေးပေါ်ကာလအတွင်း လုပ်ငန်းတွေ လည်ပတ်နိုင်အောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတယောက်က သုံးသပ်ပါတယ်။
“ပြောရရင် မြေပြင်မှာ အခွန်မဆောင်ကြတော့ မီတာခတွေ မရတော့ အတင်းမရမက တောင်းတယ်။ စီးပွားရေးလုပ်ငန်းတွေလည်း တချို့ အခွန်မဆောင်ချင်ကြဘူး။ စစ်ကောင်စီ ဒေါက်တိုင်မဖြစ်ချင်ကြတော့၊ သူတို့ကလည်း ငွေလိုနေတယ်။ အရေးပေါ်ကာလ ၂ နှစ်ပြည့်တော့မယ့် ကာလအတွင်း စီးပွားရေးတွေ လည်ပတ်လာအောင် လုပ်နိုင်တယ်ဆိုတာ သူက အရမ်းပြချင်နေတယ်” လို့ပြောပါတယ်။
စစ်ခေါင်းဆောင်က ပြည်တွင်းထွက်ကုန်တွေကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းကို အားပေး လုပ်ဆောင်ဖို့နဲ့ စားရေး၊ ဝတ်ရေးကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ မြှင့်တင်ဖို့ ပြောဆိုသွားပါတယ်။
ပြည်တွင်းစားသုံးဆီ ဖူလုံရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီအနေနဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးသွားမှာ ဖြစ်သလို ဆီထွက်သီးနှံစိုက်ပျိုးတဲ့ လုပ်ငန်းရှင်တွေနဲ့ ဆီထုတ်လုပ်သူတွေ အမှန်တကယ် အလုပ်လုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စားသုံးဆီကို ပြည်ပက တင်သွင်းနေရာကနေ ပြည်တွင်းမှာ ပိုလျှံတဲ့အထိ ရောက်အောင် လုပ်ဆောင်သွားဖို့ စစ်ခေါင်းဆောင်က ပြောဆိုသွားပါတယ်။ လက်တွေ့ အခြေအနေအရ စားအုန်ဆီ ဈေးနှုန်းဟာ စစ်ကောင်စီက သတ်မှတ်တဲ့ ရည်ညွှန်းဈေးထက် ပြင်ပပေါက်ဈေးမှာ ကျပ် ၄၀၀၀ နီးပါးလောက် ပိုပေးနေရပြီး ဈေးနှုန်းကို မထိန်းချုပ်နိုင်ဘဲ ရှိနေပါတယ်။
လက်တလော စစ်ကောင်စီ လက်ထက်မှာ စီးပွားရေးလုပ်ငန်းတွေ ကျဆင်းနေပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအများအပြားဟာလည်း ပြည်တွင်းကနေ စွန့်ခွာတာတွေ ရှိနေပါတယ်။
၂၀၂၂ နှစ်အတွက် တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ပြီးခဲ့တဲ့ ၄ နှစ်နဲ့ နှိုင်းယှဉ်ရင် အနည်းဆုံးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သုတေသနလုပ်နေတဲ့ ISP Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေ အခွန်ဆောင်ကြဖို့ အာဏာသိမ်းစစ်ခေါင်ဆောင် မင်းအောင်လှိုင်က ဖိအားပေးပြောဆိုခဲ့တယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
စစ်ခေါင်းဆောင်ဟာ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI နဲ့ ရန်ကုန်တိုင်းအတွင်း အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကို ရန်ကုန်မြို့ရှိ ဇေယျာသီရီဗိမာန်ဧည့်ခန်းမဆောင်မှာ အောက်တိုဘာ ၃ ရက်က တွေ့ဆုံစဉ် ပြောဆိုခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့လုပ်ငန်းရှင်တစ်ဦးက "ပြောရရင် အပျော့ဆွဲနဲ့ ဖိအားပေးတာပေါ့ အခွန်မှန်မှန်ဆောင်ဖို့၊ မြန်မာနိုင်ငံကအခွန်ဘယ်လောက်သက်သာတဲ့ နိုင်ငံဖြစ်တယ်ဆိုပြီးပေါ့ စီးပွားရေးနဲ့ပတ်သက်လို့ စကစက လုပ်နေတာတွေ ရှင်းပြတယ်။ အဓိကတော့ပြောချင်တာ အခွန်ဆောင်ဖို့လုပ်ငန်းရှင်တွေကို တင်းကျပ်ချင်တယ်။ ဒါ့ကြောင့် ခေါ်ပြီး ဖိအားပေးတဲ့ သဘောပါပဲ" လို့ ရှင်းပြပါတယ်။
စစ်ကောင်စီ လက်ထက်မှာ စစ်တပ်ဒေါက်တိုင်မဖြစ်အောင် အခွန်မဆောင်ကြဖို့ အန်ယူဂျီအပါအဝင် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းမှုတွေ ရှိနေပါတယ်။
ဒီတွေ့ဆုံပွဲမှာ အာဏာသိမ်းစစ် ခေါင်းဆောင်က နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေကို ဝန်ခံခဲ့ပြီး နိုင်ငံတည်ငြိမ်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ဖိအားပေးပြောကြားခဲ့တယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
"ပြောရရင် စစ်တပ်က သူတို့ ဒေါ်လာဈေးငြိမ်အောင် ပြန်ထိန်းပေးထားတယ်။ ရွှေဈေးရောပေါ့ မင်းတို့ စီးပွားရေးတွေ ပြန်လည်ပတ်ကြ အခွန်တွေ ငါ့ဆီတော့ လာဆောင်ကြဖို့ ဖိအားပေးတာ"လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အခွန်ဆောင်ဖို့ အဲ့ဒီလို ပြောဆိုမှုနေတာဟာ စစ်ကောင်စီဟာ ငွေကြေးလိုအပ်နေပြီး စစ်ကောင်စီရဲ့ အရေးပေါ်ကာလအတွင်း လုပ်ငန်းတွေ လည်ပတ်နိုင်အောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
"ပြောရရင် မြေပြင်မှာ အခွန်မဆောင်ကြတော့ မီတာခတွေ မရတော့ အတင်းမရမက တောင်းတယ်။ စီးပွားရေးလုပ်ငန်းတွေလည်း တချို့ အခွန်မဆောင်ချင်ကြဖူး၊ စစ်ကောင်စီ ဒေါက်တိုင်မဖြစ်ချင်ကြတော့၊ သူတို့ကလည်း ငွေလိုနေတယ်၊ အရေးပေါ်ကာလ နှစ်နှစ်ပြည့်တော့မယ့် ကာလအတွင်း စီးပွားရေးတွေ လည်ပတ်လာအောင် လုပ်နိုင်တယ်ဆိုတာ သူက အရမ်းပြချင်နေတယ်" လို့ပြောပါတယ်။
စစ်ခေါင်းဆောင်က ပြည်တွင်းထွက်ကုန်တွေကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းကို အားပေး လုပ်ဆောင်ဖို့နဲ့ စားရေး၊ ဝတ်ရေးကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ မြှင့်တက်ဖို့ ပြောဆိုသွားပါတယ်။
ပြည်တွင်းစားသုံးဆီ ဖူလုံရေးနဲ့ ပက်သက်လို့ စစ်ကောင်စီအနေနဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးသွားမှာ ဖြစ်သလို ဆီထွက်သီးနှံစိုက်ပျိုးတဲ့ လုပ်ငန်းရှင်တွေနဲ့ ဆီထုတ်လုပ်သူတွေ အမှန်တကယ် အလုပ်လုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စားသုံးဆီကို ပြည်ပက တင်သွင်းနေရာကနေ ပြည်တွင်းမှာ ပိုလျှံတဲ့အထိ ရောက်အောင် လုပ်ဆောင်သွားဖို့ စစ်ခေါင်းဆောင်က ပြောဆိုသွားပါတယ်။
လက်တွေ့ အခြေအနေအရ စားအုန်ဆီ ဈေးနှုန်းဟာ စစ်ကောင်စီက သတ်မှတ်တဲ့ ရည်ညွှန်းဈေးထက် ပြင်ပပေါက်ဈေးမှာ ကျပ် ၄၀၀၀ လောက် ပိုပေးနေရပြီး ဈေးနှုန်းကို မထိမ်းချုပ်နိုင်ဘဲ ရှိနေပါတယ်။
လက်တလော စစ်ကောင်စီ လက်ထက်မှာ စီးပွားရေးလုပ်ငန်းတွေ ကျဆင်းနေပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအများအပြားဟာလည်း ပြည်တွင်းကနေ စွန့်ခွာတာတွေ ရှိနေပါတယ်။
၂၀၂၂ နှစ်အတွက် တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ပမာဏဟာ ပြီးခဲ့တဲ့ ၄ နှစ်နဲ့ နှိုင်းယှဉ်ရင် အနည်းဆုံးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သုတေသနလုပ်နေတဲ့ ISP Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Photo- DSINFO
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က လုပ်ငန်းရှင်တွေနဲ့ ရွှေဆိုင်ပိုင်ရှင်တွေကို စက်တင်ဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ခေါ်ယူပြီး ရက္ခိုင့်တပ်တော် (အေအေ) ကို အခွန်မဆောင်ဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့အခြေစိုက် ၅၅၀ တပ်ရင်းက စက်တင်ဘာ ၂၉ ရက်နေ့မှာ လုပ်ငန်းရှင်တွေနဲ့ ရွှေဆိုင်ပိုင်ရှင်တွေကို ခေါ်ယူပြီး ရက္ခိုင့်တပ်တော် (အေအေ) ကို အခွန်မဆောင်ကြဖို့နဲ့ မထောက်ခံကြဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့ ရက္ခိုင့်တပ်တော်နဲ့ ဆက်သွယ်ပြီး အခွန်ဆောင်တာတွေ ပြုလုပ်မယ်ဆိုရင် ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး နေအိမ်တွေ၊ လုပ်ငန်းတွေကိုပါ ချိပ်ပိတ် သိမ်းဆည်းသွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
“ကျနော်တို့ လုပ်ငန်းရှင်တွေကတော့ဗျာ သူတို့ စစ်(...)တွေကိုလည်း ကြောက်ရသလို ရက္ခိုင့်တပ်တော် ဆိုတာကလည်း ကိုယ့်လူမျိုးရဲ့ အားထားရတဲ့ တပ်တော်တခုဆိုတော့ နှစ်ဖက်ကြားထဲမှာ ကြားညပ်တော့တာဖြစ်ပြီး အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်ရမှာ ဖြစ်သလို အသေးစိတ်ကိုတော့ ပြောပြလို့မရဘူး။”
အလားတူ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အတော်များများမှာလည်း သက်ဆိုင်ရာ စစ်ကောင်စီတပ်တွေက ရက္ခိုင့်တပ်တော်ကို အခွန်မဆောင်ကြဖို့ ခေါ်ယူခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ တာဝန်ရှိသူတယောက်က “သူတို့စစ်တပ်ကတော့ လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်တာတွေ လုပ်နေတာ ကြာပြီဗျ။ ကျနော်တို့ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍတွေကိုပါ နည်းမျိုးစုံနဲ့ အနှောင့်အယှက်တွေ ပေးတဲ့အပြင် ပြည်သူလူထုကိုပါ မတရားဖမ်းဆီးတာတွေ ပြုလုပ်နေတာ” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကစလို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့အတော်များများမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။