close

အဂတိအမှု

close

November 9, 2022

ရဟတ်ယာဉ်အမှု ပြန်ခေါ်သက်သေအဖြစ် တရားလိုများကို ဆက်လက်စစ်ဆေး

ရဟတ်ယာဉ်နဲ့ပတ်သက်လို့ စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုဝင်ဘာ ၉ ရက်နေ့က နေပြည်တော်အချုပ်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ ငါးမှုလုံးအတွက် အောက်တိုဘာ ၁၈ ရက်နေ့က စွဲချက်တင်အမိန့် ချလိုက်ပြီး အောက်တိုဘာ ၂၅ ရက်နေ့ကစကာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးနေတာပါ။

တရားရုံးနဲ့နီးစပ်သူတယောက်က “ဒီနေ့ရုံးချိန်းမှာ တရားလို ဦးအောင်ခန့် (အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်) ရော ဦးသန်းမင်းဟိန်းကိုရော ဆက်စစ်တယ်၊ ဒါပေမဲ့ မပြီးသေးဘူး။ နောက်အပတ်မှာ သူတို့ကိုပဲ ဆက်စစ်မယ်” လို့ ပြောပါတယ်။

ဒီအမှုအတွက် ပြီးခဲ့တဲ့ရုံးချိန်းတွေမှာ စီမံဘဏ္ဍာဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ လူကယ်ပြန် ဒုတိယဝန်ကြီးဟောင်း ဦးစိုးအောင်တို့ အပါအဝင် ပြန်ခေါ်သက်သေတချို့ကို စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံထားရတာ စုစုပေါင်း ၂၆ နှစ်ရှိပြီ ဖြစ်ပါတယ်။

6 days Ago

November 8, 2022

ရဟတ်ယာဉ်အမှု ပြန်ခေါ်သက်သေအဖြစ် တရားလိုများကို ဆက်လက်စစ်ဆေး

ရဟတ်ယာဉ်နဲ့ပတ်သက်လို့ စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုဝင်ဘာ ၈ ရက်က နေပြည်တော် အချုပ်ထောင်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ ငါးမှုလုံးအတွက် အောက်တိုဘာ ၁၈ ရက်က စွဲချက်တင် အမိန့်ချလိုက်ကာ အောက်တိုဘာ ၂၅ ရက်ကစပြီး ပြန်ခေါ်သက်သေတွေကို စစ်ဆေးနေတာ ဖြစ်ပါတယ်။

တရားရုံးနဲ့ နီးစပ်သူတယောက်က “ဒီနေ့ ရုံးချိန်းမှာ တရားလို ဦးအောင်ခန့် (အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်) ကို စစ်တယ်။ ငါးမှုမှာ သုံးမှုပြီးတယ်။ မနက်ဖြန်ရုံးချိန်းမှာ သူနဲ့ ဦးသန်းမင်းဟိန်းကို ဆက်စစ်မယ်” လို့ ပြောပါတယ်။

ဒီအမှုအတွက် ပြီးခဲ့တဲ့ရုံးချိန်းတွေမှာ စီမံဘဏ္ဍာဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ လူကယ်ပြန် ဒုတိယဝန်ကြီးဟောင်း ဦးစိုးအောင်တို့ အပါအဝင် ပြန်ခေါ်သက်သေတချို့ကို စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံထားရတာ စုစုပေါင်း ၂၆ နှစ်ရှိပြီ ဖြစ်ပါတယ်။

7 days Ago
Up