close

အင်ကြင်းမြိုင်တန်းလျား

close

December 30, 2021

ပုသိမ်မြို့ အင်ကြင်းမြိုင်တန်းလျား မီးလောင်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်ရှိ အင်ကြင်းမြိုင်တန်းလျားမှာ ဒီဇင်ဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က စတင်ကာ မီးလောင်မှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။ 

ABC စတေကာဆိုင်ဘေးခန်းကနေ စတင်မီးလောင်ခဲ့တာဖြစ်ပြီး မိနစ် ၃၀ ကြာ မီးသတ်တပ်ဖွဲ့နဲ့ အနီးနားက ပြည်သူတွေ ပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မီးသတ်ကားတွေလည်း လာတယ်။ ဘက်စုံပရဟိတအဖွဲ့က ရေကားတွေလည်း လာတယ်။ နာရီဝက်လောက် တော့ ကြာမယ် ခုတော့ ငြိမ်းသွားပါပြီ”လို့ ဒေသခံတဦးက ပြောပါတယ်။

မီးစတင်လောင်းကျွမ်းရတဲ့ အခြေအနေနဲ့ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ရှိ မရှိ ဆိုတာကို တော့ လတ်တလော အတည်ကျမသိရသေးပါဘူး။

1 min Ago
Up