close

အင်ဂျန်ဒုံရပ်ကွက်

close

September 22, 2021

မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ Mytelရုံး‌ ဗုံးပေါက်ကွဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်မှာရှိတဲ့ စစ်တပ်ပိုင်  Mytel ရုံးမှာ စက်တင်ဘာ ၂၂ ရက် ည ၇ နာရီဝန်းကျင်လောက်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့  ‌မြို့ခံတစ်ယောက်က ပြောပါတယ်။

အင်ဂျင်ဒုံရပ်ကွက်နေ မြို့ခံတစ်ယောက်က " ဗုံးကသုံးလုံး ဆက်တိုက်ပေါက်တာပါ။ ပထမတစ်လုံးက အကျယ်ကြီးပဲကြားလိုက်ရတယ်။ ကျမတို့တတွေ သစ်ပင်အောက်မှာထိုင်နေတုန်း ဖြစ်ပျက်သွားတော့ အရမ်းကြောက်မိပါတယ်"လို့ ပြောပြပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုနဲ့ လူတွေထိခိုက် ဒဏ်ရာရမှုရှိမရှိတော့ လတ်တလော မသိရသေးပါဘူး။

စစ်‌အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း မြစ်ကြီးနားမှာ မကြာခဏဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ မြစ်ကြီးနားခရီးစဉ်အပြီး ရက်ပိုင်းအတွင်း Mytel ရုံးမှာ ဗုံးကွဲတာ ဖြစ်ပါတယ်။

5 mins Ago
Up