close

အင်တာနက်ရုပ်သံလွှင့်လုပ်ငန်း

close

February 12, 2022

အင်တာနက်ရုပ်သံလွှင့် လုပ်ငန်း Disney+ အစုရှယ်ယာ မြင့်တက်

Netflix နဲ့ အပြိုင် အင်တာနက်ကနေ ရုပ်သံထုတ်လွှင့်ဝန်ဆောင်မှုပေးနေတဲ့ Disney+ က ပြီးခဲ့တဲ့ ၃ လအတွင်း အားပေးကြည့်ရှုသူ ၁၁ ဒသမ ၈ သန်းအထိ တက်လာပြီး ဖေဖော်ဝါရီ ၁၁ ရက်မှာ အစုရှယ်ယာတွေ မြင့်တက်ခဲ့တယ်လို့ ကြေညာပါတယ်။

ဝေါ့လ်ဒစ္စနေကုမ္ပဏီရဲ့ ကုမ္ပဏီခွဲ Disney+ က အွန်လိုင်းရုပ်သံလွှင့်မှုဈေးကွက်ကို ဦးဆောင်နေတဲ့ Netflix နဲ့ ကြည့်ရှုသူအရေအတွက် ကွာဟမှု ကျဉ်းလာနေတာပါ။ 

မကြာမီက ပေါက်ခဲ့တဲ့ ရုပ်ရှင်သုံးကား "The Mandalorian," "Black Widow" နဲ့ "The Beatles: Get Back" တို့ကြောင့် ကြည့်ရှုသူတွေ ပိုများလာတာပါ။

၃ လအတွင်း ကြည့်ရှုသူ ၁၁  ဒသမ ၈ သန်းနဲ့ အမြတ်ငွေ ဒေါ်လာ ၂၁ ဒသမ ၈၂ ဘီလီယံ ရခဲ့တာပါ။

လက်ရှိ ကမ္ဘာတလွှား ဒစ္စနေပလပ်စ်ကို အခပေးကြည့်ရှုသူ စုစုပေါင်း ၁၉၆  ဒသမ ၄  သန်း ရှိပါတယ်။ 

ယခုနှစ် နှစ်လယ်အထိ ကြည့်ရှုသူ အများအပြား တက်လာမယ်လို့ ခန့်မှန်းထားပြီး ရှယ်ယာတွေ တက်နေချိန်မှာ၊ ပြိုင်ဘက် Netflix ကတော့ ပြီးခဲ့တဲ့လမှာ ကြည့်ရှုသူဦးရေ ကျဆင်းပြီး ရှယ်ယာတွေ လှုပ်ခတ်ခဲ့ပါတယ်။

5 mins Ago
Up