close

အင်တာနက်

close

February 18, 2023

အင်တာနက်အခက်အခဲကြောင့် ဖရူဆိုရှေ့တန်းထောက်ပို့ကမ်ပိန်း ၇၀ ရာနှုန်းလိုအပ်၊ ပြည်သူများ ပါဝင်ကူညီရန် နှိုးဆော်

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်နေတဲ့ ကရင်နီပြည်၊ ဖရူဆို ရှေ့တန်းတော်လှန်ရေးတပ်အတွက် ထောက်ပို့ကမ်ပိန်းဟာ အင်တာနက်အခက်အခဲကြောင့် ရာခိုင်နှုန်းပြည့်မီဖို့ ၇၀ ရာခိုင်နှုန်းလိုအပ်နေ သေးတာမို့ ပြည်သူတွေအနေနဲ့ ကူညီပါဝင်အားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဖရူဆိုရှေ့တန်းမှာ နေ့မအားညမနား ပင်ပန်းခက်ခဲစွာ တာဝန်ထမ်းဆောင်နေကြတဲ့ ရှေ့တန်းရဲဘော်တွေအတွက် ပြုလုပ်တဲ့ ဒီကမ်ပိန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်က စတင်ပြီးတော့ ရောင်းချခဲ့ တာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ အင်တာနက်အခက်အခဲကြောင့် ပြည်သူတွေကြား သိရှိအောင် ချပြနိုင်ဖို့ အားနည်းချက်ရှိနေခဲ့တာမို့ ခုတခါမှာတော့ WE ARE KNDF ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကတဆင့် ဖေဖော်ဝါရီ ၁၅ ရက်ကနေ စတင်ရောင်းချနေတာ ဖြစ်ပါတယ်။

ကံစမ်းမဲအစီအစဥ်အနေနဲ့ ပထမဆုကို ကရင်နီပြည်(ကယား)လွိုင်ကော်မြို့တွင်းက ပေ ၅၀ × ပေ ၉၀ ဂရန်ပေါက်မြေကွက်၊ ဒုတိယဆုအနေနဲ့ ရွှေလက်စွပ်တစ်ကွင်း၊ တတိယဆုအနေနဲ့ ဂစ်တာတစ်လက်၊ နှစ်သိမ့်ဆုအနေနဲ့ ကရင်နီရိုးယာဝတ်စုံ (၉မျိုး/၉ထည်) သတ်မှတ်ထားပြီး ကံစမ်းမဲလက်မှတ် ၁ စောင်ကို မြန်မာငွေကျပ် ၁၀၀၀၀ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

8 mins Ago

February 11, 2023

လွယ်ကူပြီး လုံခြုံတဲ့ သော့ချက်စကားဝှက် Password ဘယ်လိုထားမလဲ

အခုခေတ်ကာလမှာ အင်တာနက်အသုံးပြုသူ လူတိုင်းမှာ password မျိုးစုံ မှတ်သားထားရပါတယ်။ email, social media, facebook, twitter ကအစ ဘဏ်စာရင်းနဲ့ တခြားအသုံးမျိုးစုံအတွက် စကားဝှက်တွေမျိုးစုံက မှတ်ရသိမ်းရ များများလာတတ်ပါတယ်။

စကားဝှက်ထားတာ သိပ်လွယ်ကူလွန်းလို့ တခြားတယောက်က အလွယ်တကူ မှန်းဆနိုင်ပြန်ရင်လည်း အဆင်မပြေပါဘူး။​ သိပ်ရှုပ်ထွေးခက်ခဲလွန်းလို့ ကိုယ်တိုင်မမှတ်မိနိုင်ပြန်ရင်လည်း အဆင်မပြေပြန်ပါဘူး။ တချို့ကလည်း မှတ်ရလွယ်အောင် email, facebook, twitter, bank account ဘာမဆို password တခုတည်း ထားကြတယ်ဆိုရင်လည်း တခုထိုးဖောက်ခံရပြီးရင် အကုန်လုံးပါသွားနိုင်တဲ့ အန္တရာယ်ကြီးပါတယ်။ မသမာသူတွေက ကိုယ့်ရဲ့အကောင့်တခုရဲ့ စကားဝှက်ကို တခြားအကောင့်ပေါင်းများစွာမှာ စမ်းသပ်အသုံးပြု ထိုးဖောက်လေ့ရှိတာကို Credential Stuffing လို့ ခေါ်ပါတယ်။

ရှုပ်ထွေးခက်ခဲတဲ့ password တွေ ဖန်တီးပေးတာ သိမ်းဆည်းပေးထားတာတွေအတွက် password manager apps တွေ ရှိတတ်ပေမဲ့ လူတိုင်းအသုံးပြုချင်မှာ မဟုတ်ပါဘူး။​ အခမဲ့အသုံးပြုနိုင်တဲ့ Free Password generators တွေအားကိုးနဲ့ ရှုပ်ထွေးပြီး မှန်းဆရခက်ခဲတဲ့ စကားဝှက်တွေလည်း ဖန်တီးနိုင်ပေမဲ့ နည်းနည်းလေး ဉာဏ်ကစားလိုက်ရင် ကိုယ်လည်းမှတ်မိရလွယ်၊ ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲတဲ့ စကားဝှက်တွေ ရနိုင်ပါတယ်။

အရေးကြီးတဲ့ စကားဝှက်တခု ဖန်တီးတဲ့နေရာမှာ လူတွေရဲ့ စိတ်ပညာသဘောအရ စိတ်ထဲကို အရင်ဝင်ရောက်လာတတ်တာတွေက ကိုယ့်နာမည်၊ ချစ်သူ၊ မိဘ၊ ညီအစ်ကို မောင်နှမနာမည်၊ မွေးနေ့၊ မွေးရက်၊ အိမ်မှာမွေးထားတဲ့ ခွေးကလေး၊ ကြောင်ကလေးကအစ ကိုယ်အားပေးတဲ့ ဘောလုံးအသင်း မန်ယူ၊ အာဆင်နယ် စတဲ့ စကားလုံးတွေ ဖြစ်နေတာ များပါတယ်။ အဲဒီလို စကားဝှက်မျိုး ထားရင်တော့ တော်တော်လုံခြုံရေးမကောင်းတဲ့ အခြေအနေ ရှိပါတယ်။

ကိုယ့်ရဲ့အချက်အလက်ကို ထိုးဖောက်ဝင်ရောက်ချင်တဲ့ မသမာသူ တယောက်ယောက်ဟာ နာမည်တွေ၊ မွေးနေ့မွေးရက်၊ မိသားစု၊ အကြိုက်ဆုံးရုပ်ရှင်တွေ၊ သီချင်းတွေ၊ စာအုပ်တွေ၊ အားကစားအသင်းတွေကအစ လူမှုကွန်ရက်ကတဆင့် အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ စကားဝှက်ကို မှန်းဆလို့ရနိုင်ပါတယ်။

ထိုးဖောက်ရခက်မယ်၊ မှတ်ရလဲလွယ်မယ်ဆိုရင် အဲဒီဆားဗစ်နဲ့တွဲပြီး ရောသုံးတဲ့ စကားလုံးမျိုး သုံးကြည့်မလား။​ ဒါပေမဲ့ Netflix အတွက် Netflix12345, netflix1988 မျိုးထိ လွယ်ကူနေတာမျိုး မဖြစ်သင့်ပါဘူး။ လုံခြုံတဲ့ password တခုဖြစ်ဖို့ရာ စကားလုံးအကြီးအသေး Net NET ကိန်းဂဏန်း ၁၂၃၄၅ သာမက သင်္ကေတ [email protected]#$%&* တွေလည်း လိုအပ်ပါတယ်။ Netflix2023 ဆိုတာထက် Me&Netflix#2023 ဆိုရင် ပိုထိုးဖောက်ရ ခက်လာပါမယ်။

စာလုံးအကြီးအသေးတွေကို ကြုံရာကျပန်း ရောနှောလိုက်မယ်ဆိုရင် Me&NetFliX#2023, [email protected]iX#203 ဖြစ်လာမယ်။​

underscore လိုင်းကိုပါ ထည့်သုံးမယ်ဆိုရင် [email protected]_fliX#2023 ထိုးဖောက်ရ ပိုခက်လာပါမယ်။

2023 ကို ပြောင်းပြန်လှန်လိုက်မယ်ဆိုရင် Me&Net_fliX#3202$ ဖြစ်ပါမယ်။

၂၀၂၃ ထဲက 2 ဟာ “Z” နဲ့ဆင်ဆင်ဖြစ်လို့ Me&Net_fliX#Z0Z3 ဖြစ်လာနိုင်ပါတယ်။

“3” ဂဏန်းက E ကို ပြောင်းပြန်လှန်ထားသလိုဖြစ်လို့ Me&Net_fliX#Z0ZE$ ဖြစ်လာပါမယ်။ ​underscore _ တွေ အများကြီးထည့်သုံးလိုက်မယ်ဆိုရင်တော့ John_neT_Flix_Z0ZE$ ဆိုတာမျိုးထိ ရှုပ်ထွေးလာနိုင်ပါတယ်။

ကိန်းဂဏန်းတွေထည့်တဲ့နေရာမှာလည်း ကိုယ့်ချစ်ခင်သူတယောက်ယောက်ရဲ့ မွေးနေ့ သက္ကရာဇ်တွေနဲ့ အခု ဒီနှစ်က ၂၀၂၃ မို့လို့ ၁၉၈၈ မွေးတာမို့လို့ဆိုတဲ့ သိပ်ရိုးစင်းလွန်းတဲ့ ရွေးချယ်မှုမျိုးထက် ကိုယ့်အကြောင်းသိနေတဲ့သူတွေပင်လျှင် မှန်းဆရခက်ခဲနိုင်မယ့် တခြားနံပါတ်တွေ ပြောင်းသုံးသင့်ပါတယ်။ ကိုယ်သုံးနေကျ တယ်လီဖုန်းနံပါတ်၊ ကိုယ်နေတဲ့ အိမ်နံပါတ်၊ ကိုယ့်လိပ်စာ area code၊ ကိုယ်မောင်းနေတဲ့ ကားနံပါတ်တွေလည်း မဖြစ်သင့်တာ သေချာပါတယ်။ အခုလက်ရှိ နာရီကို လှမ်းကြည့်လိုက်လို့ မနက် ၁၁ နာရီ ၃၀ မိနစ်ဆိုတာမျိုး ၁၁း၃၀ 11:30 am ဆိုတာမျိုးပါလာရင် Suu_neT_fliX_11:30am$ ဆိုတာမျိုး ဖြစ်လာနိုင်ပါတယ်။

Suu ဆိုတဲ့ မြန်မာနာမည်ထဲက S ကို ခပ်ဆင်ဆင် $ နဲ့ အစားထိုးလိုက်မယ်ဆိုရင် [email protected]_fliX#11:30aM ဆိုတာမျိုးဖြစ်လာရင် ဟက်ကာ မသမာသူတယောက် ထိုးဖောက်နိုင်ဖို့ နှစ်ပေါင်းသန်းပေါင်းများစွာ အချိန်ပေးရနိုင်တဲ့အထိ ရှုပ်ထွေးခိုင်မာလာပါလိမ့်မယ်။

အခုလောက်ဆိုရင် ကိုယ့်အတွက် မှတ်မိလွယ်ပြီး မသမာသူတွေ ထိုးဖောက်ဝင်ရောက်ဖို့ခက်၊ မှန်းဆရခက်ခဲနိုင်တဲ့ စကားဝှက်တခုခုကို စဉ်းစားဖန်တီးနိုင်လောက်ပြီ ထင်ပါတယ်။ ဘယ်လောက်ပဲ ရှုပ်ထွေးခက်ခဲတဲ့ စကားဝှက်ပဲဖြစ်ပါစေ၊ အခြေအနေအရ မကြာမကြာ အသစ်ပြောင်းသင့်မယ်ဆိုတာလည်း သိထားဖို့လိုပါတယ်။ apple icloud, pay pal, T-mobile အကောင့်တွေ အစုအပြုံလိုက် ထိုးဖောက်ခံရတယ်၊ KBZ, CB bank အကောင့်တွေအားလုံး ထိုးဖောက်ခံရတယ်ဆိုတဲ့ သတင်းမျိုးကြားရတယ်ဆိုရင်လည်း ကိုယ့်စကားဝှက်ကို အမြန်ပြောင်းလဲနိုင်ဖို့ ကြိုတင်မှန်းဆထားရနိုင်ပါတယ်။

နောက်ဆုံး ကိုယ့်ရဲ့စကားဝှက်က ဘယ်လောက်ခိုင်မာအားကောင်းသလဲ၊ မသမာသူ ဟက်ကာတွေက ထိုးဖောက်မယ်ဆိုရင် အချိန်ဘယ်လောက်ကြာနိုင်သလဲဆိုတာ စစ်ဆေးချင်ရင်တော့ အောက်မှာဖော်ပြထားတဲ့ Website မှာ စမ်းသပ်ကြည့်နိုင်ပါတယ်။

Link to Password Monster’s Password Strength Meter
https://www.passwordmonster.com

သန်းဝင်းထွဋ်

7 days Ago
Up