close

အင်ဒိုနီးရှားနှင့် မြန်မာ

close

July 16, 2021

အာဆီယံတွင် တရက်တည်း ကိုဗစ်-၁၉ ၉၀,၀၀၀ ကျော်ကူးစက်၊ အင်ဒိုနီးရှားနှင့် မြန်မာ အခြေအနေဆိုးရွားလာနေ

အာဆီယံနိုင်ငံတွေမှာ  ကိုဗစ်-၁၉ ကြောင့် တရက်တည်း ကူးစက်မှုအသစ် ၉၃,၁၄၃ ယောက်နဲ့ အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မြန်မာနိုင် ငံတွေကတော့ အခြေအနေတွေ ပိုဆိုဆိုးရွားလာနေပါတယ်။

လက်ရှိအချိန်ထိ အာဆီယံဒေသတွင်း ရောဂါကူးစက်ခံရသူစုစုပေါင်းဟာလည်း ၅ ဒသမ ၈၅ သန်းကျော် လာခဲ့ပြီဖြစ်ကာ သေဆုံးသူစုစုပေါင်းကတော့ ၁၁၁,၇၇၂ ယောက်ထိ မြင့်တက်လာခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၅၆,၇၅၇ ယောက်နဲ့ အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး သေဆုံးသူ ၉၈၂ ယောက် ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂ ဒသမ ၇၂ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၇၀,၁၉၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အာဆီယံဒေသတွင်း ကူးစက်မှု အမြင့်ဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ရောဂါ ကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းတုန်းကထက် ၁၀ ဆ ပိုမိုမြင့်တက်လာနေခဲ့ပါ တယ်။

အင်ဒိုနီးရှားအစိုးရက နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် အများဆုံး ၆ သောင်းအထိသာ ရှိနိုင်တယ်လို့ ခန့်မှန်းထားပေမယ့် ကျန်းမာရေးပညာရှင်တွေကတော့  အများဆုံး ၁ သိန်းထိ ကူးစက်မှုတွေ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။

မြန်မာနိုင်ငံမှာတော့ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၁၈၈ ယောက်၊ သေဆုံးသူ ၁၆၅ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစု ပေါင်း ၂၁၂,၅၄၅ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ဇူလိုင် ၁၅ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းထဲမှာတော့ ကိုဗစ်-၁၉ လူနာတွေဟာ အောက်ဆီဂျင်အိုး ပြတ်လပ်တဲ့ ပြသနာတွေနဲ့ ရင်ဆိုင်နေကြရပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်တွေမှာ အောက်ဆီ ဂျင်အိုးဖြည့်ဖို့၊ ဝယ်ဖို့ ခက်ခဲတဲ့ အခြေအနေတွေကိုလည်း ကြုံတွေ့နေရပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားဖို့ စစ်ကောင်စီက ကြေညာထားတဲ့အပြင် ပိုးတွေ့နှုန်း များတဲ့ မြို့နယ်တွေကိုလည်း Stay At Home မြို့နယ်တွေအဖြစ် ကန့်သတ်ထားပါတယ်။ 

အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု အမြင့်ဆုံးအင်ဒိုနီးရှားနိုင်ငံနောက် မှာတော့ ဖိလစ်ပိုင်နိုင်ငံက  ရောဂါကူးစက်ခံရသူပေါင်း ၁ ဒသမ ၄၉ သန်းကျော်နဲ့ ရှိနေ တာပါ။

အဲဒီနောက်မှာတော့ မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၈ သိန်းကျော်နဲ့ ရပ်တည်နေပြီး မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ ရောဂါကူးစက်ခံရသူပေါင်း ၃ သိန်း ကျော်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂ သိန်းကျော်လာခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံ ကတော့ အာဆီယံဒေတွင်း ကူးစက်မှု ပဉ္စမအမြင့်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။

4 mins Ago
Up