close

အင်ဒိုနီးရှားသမ္မတ

close

May 8, 2023

မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းရန် အင်ဒိုနီးရှားသမ္မတ တိုက်တွန်း

အာဆီယံ ထိပ်သီးအစည်းအဝေးကို လာမယ့် မေလ ၁၀ ရက် ဗုဒ္ဓဟူးနေ့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ မြန်မာနိုင်ငံအကျပ်အတည်းနဲ့ ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတင် မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးမှုကနေ ဖြေရှင်းကြဖို့ အာဆီယံ ခေါင်းဆောင်တွေကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ ဝီဒိုဒိုက “ဒီထိပ်သီးအစည်းအဝေးမှာ (မြန်မာ့အရေး) ကို အထူးတလည် ဆွေးနွေးသွားမှာပါ… ဒါပေမဲ့ တွေ့ဆုံဆွေးနွေးမှုကနေ ဖြေရှင်းရမယ်။ ကျနော့်အမြင်အရတော့ ပိတ်ဆို့အရေးယူမှုတွေဟာ အဖြေတခုမဟုတ်ပါဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားခဲ့ပေမဲ့ မြန်မာစစ်အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံကိုလည်း မြန်မာစစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဖိအားပေးမှုတွေလည်း တိုးလာနေတာပါ။

“ကျနော်တို့အနေနဲ့ အာဆီယံကို ပွင့်လင်းမြင်သာမှု ရှိစေချင်တဲ့အတွက် ဘယ်နိုင်ငံနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့၊ အာဆီယံနိုင်ငံတွေအတွင်းက ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တွေ့ဆုံဆွေးနွေးရေးမူအရ ဖြစ်သင့်တယ်။ ဒါဟာ အထူးသဖြင့် မြန်မာနိုင်ငံ အရေးကိစ္စမှာ အလွန်အရေးကြီးပါတယ်” လို့ မစ္စတာ ဝီဒိုဒိုက ပြောလိုက်တာပါ။

စစ်တပ်က မတရားအာဏာသိမ်းမှုအပြီး အမေရိကန်နဲ့ ဗြိတိန် အပါအဝင် နိုင်ငံအများအပြားက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားသလို အာဏာသိမ်းပြီးနောက် ပြည်တွင်းမငြိမ်မသက်မှုတွေကြောင့် အရပ်သားရာထောင်ချီ သေဆုံးပြီး ဒေသခံပြည်သူ သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

မေ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းဟာ အဓိကဆွေးနွေးမယ့် အကြောင်းအရာတခု ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

10 hours Ago

March 29, 2023

ယူ-၂၀ ကမ္ဘာ့ဖလားဘောလုံးပွဲ အစ္စရေးကြောင့် မူဝါဒါပြောင်းမည်မဟုတ်ဟု အင်ဒိုနီးရှားသမ္မတပြော

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အစ္စရေးနိုင်ငံ ပါဝင်မှုဟာ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲခြင်းမရှိကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မတ်လ ၂၈ ရက်မှာ ပြောပါတယ်။

အစ္စရေးပါဝင်မှုကို ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် နောက်လပြိုင်ပွဲအတွက် မဲခွဲဆုံးဖြတ်မှုကို ပယ်ဖျက်လိုက်ပြီးနောက်မှာ သမ္မတ ဂျိုကိုဝီဒိုဒိုဟာ အစိုးရအဖွဲ့ဝန်ကြီးလည်းဖြစ်တဲ့ အင်ဒိုနီးရှား ဘောလုံးအသင်း (PSSI) ဥက္ကဋ္ဌ အဲရစ်သိုဟီရာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) နဲ့ ဆွေးနွေးဖို့ စေလွှတ်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

ဘာလီကျွန်းအုပ်ချုပ်ရေးမှူးက အစ္စရေးအသင်းကို လက်ခံကျင်းပဖို့ ငြင်းဆိုပြီးနောက်မှာတော့ မတ်လ ၃၁ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အသင်း ၂၄ သင်း ပြိုင်ပွဲအတွက် မဲနှိုက်တာကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အင်ဒိုနီးရှားဘောလုံးအသင်း (PSSI) က မတ်လ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ပြည်တွင်းဆန္ဒပြပွဲတွေမှာတော့ အားကစားနဲ့ နိုင်ငံရေးကို မရောထွေးသင့်ကြောင်း အလေးပေး ပြောဆိုနေကြပါတယ်။

အစိုးရ ဝင်ရောက်စွက်ဖက်မှုကြောင့် ဖီဖာက ၂၀၁၆ ခုနှစ် မေလအထိ ၁ နှစ်ကြာ ဆိုင်းငံ့ခံခဲ့ရဖူးပြီးနောက်မှာ အခုတခါ ဒီလိုဖျက်သိမ်းလိုက်တာကြောင့်  အင်ဒိုနီးရှားနိုင်ငံရဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်တွေ ဆုံးရှုံးပြီး အင်ဒိုနီးရှားဘောလုံးကို အထီးကျန်အဖြစ် ပြန်ရောက်သွားမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

အင်ဒိုနီးရှားနိုင်ငံသား အများအပြားဟာ ခရီးသွားလုပ်ငန်း ဝင်ငွေတိုးလာစေဖို့ အဲဒီပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ မျှော်လင့်နေချိန်မှာ သူတို့ထဲက တချို့ဟာ  ဒီကိစ္စနဲ့ပတ်သက်ပြီး ဖီဖာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

ယာယီအားကစားဝန်ကြီး မူဟာဒ်ဂျီရာအက်ဖန်ဒီကတော့ အဖြေတခုခုကို ရှာရမှာဖြစ်ပြီး ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရတာဟာ အင်ဒိုနီးရှားဘောလုံးအတွက် အရေးပါကြောင်း မတ်လ ၂၈ ရက် နှောင်းပိုင်းမှာ လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

1 month Ago
Up