ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိစ်ပိန်းဟာ ကမ္ဘောဒီးယားနိုင်ငံဆီ တရားဝင် အလည်အပတ် ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မြို့တော်ဖနွမ်ပင်မှာ နိုဝင်ဘာ ၈ ရက်က တွေ့ဆုံပါတယ်။
အင်ဒိုပစိဖိတ်လုံခြုံရေးမိတ်ဖက်အဖွဲ့ အော်ကတ်စ်နဲ့ ထိတွေ့ဆက်ဆံရေးနဲ့ ဩစတြေးလျ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးကို ပိန်းက ထပ်လောင်း အတည်ပြုခဲ့ တယ်လို့ ဟွန်ဆန်က ပြောပါတယ်။
ဩစတြေးလျဟာ ကမ္ဘောဒီးယားနိုင်ငံကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ထိုးဆေးလုံးရေ ၃ ဒသမ ၅ သန်း လှူဖို့ ကတိပြုထားပြီး ဒီနှစ်ကုန်ပိုင်းမှာ ထိုးဆေးလုံးရေ ၁ သန်း ရောက်လာမယ်လို့လည်း ဟွန်ဆန်က ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်က ပိန်းဟာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရပ်ဆိုခွန်နဲ့ တွေ့ဆုံပြီး ဗီယက်နမ် နိုင်ငံဆီ ခရီးဆက်ခဲ့တာပါ။
သူဟာ ဒေသတွင်း ၄ နိုင်ငံ အလည်အပတ် ခရီးအတွင်း အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေဆီ ဆက်လက် သွားရောက်လည်ပတ်မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။