ပါကစ္စတန်ရဲတပ်ဖွဲ့ဟာ မတ်လ ၅ ရက်က ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို နိုင်ငံတော်လက်ဆောင်တွေ ရောင်းချရာမှာ အလွဲသုံးစားလုပ်မှုနဲ့ တရားရုံးမှာထွက်ဆိုဖို့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပါကစ္စတန် ရွေးကောက်ပွဲကော်မရှင်ဟာ အသက် ၇၀ အရွယ် အင်မရန်ခန်းကို နိုင်ငံခြား ဂုဏ်သရေရှိလက်ဆောင်တွေ တရားမဝင် ရောင်းချမှုမှာ အပြစ်ရှိကြောင်း အောက်တိုဘာလက ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီနောက် ခန်းကို တရားရုံးဆီလာဖို့ အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့ပေမဲ့ ပျက်ကွက်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဝရမ်းထုတ်ခဲ့တာပါ။
ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး အေဂျင်စီက သူ့ကို လာဘ်စားမှုတိုက်ဖျက်ရေး တရားရုံးမှာ စွဲချက်တင်ခဲ့ပါတယ်။
ခန်းဟာ မနှစ်အစောပိုင်းက လွှတ်တော်အတွင်း မဲခွဲရာမှာ ရာထူးကနေ နုတ်ထွက်ပြီးကတည်းက လျှပ်တပြက် ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။
ခန်းရဲ့တောင်းဆိုချက်ကို လက်ရှိဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က ပယ်ချခဲ့ပြီး အခုနှစ်နှောင်းပိုင်းမှာ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ခန်းဟာ ပြီးခဲ့တဲ့နှစ်အစောပိုင်းက ဆန္ဒမဲပေးဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ပြီး ဆန္ဒဖော်ထုတ်မှုတရပ်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။
တရားရုံးတက်ဖို့ ပျက်ကွက်တာနဲ့ ပစ်ခတ်မှု ဖြစ်ရပ်ကို ရည်ညွှန်းပြီး “သူတို့ (ရဲ) က ကျနော့်အသက်ကို ခြိမ်းခြောက်နေတယ်ဆိုတာ သိပါတယ်။ တရားရုံးတွေက လုံလောက်တဲ့ လုံခြုံရေး မပေးထားဘူး” လို့ ခန်းက မတ် ၅ ရက်မှာ ပြောပါတယ်။
ခန်းရဲ့လက်ထောက် ဖာဝဒ် ချောင်ဒရီက သူ့ကို အထက်တရားရုံးက အကာအကွယ်ပေးထားတဲ့ အာမခံနဲ့ ဖမ်းထားနိုင်လို့ အဖမ်းခံရတာလို့ ပြောပါတယ်။
လာဟိုးမြို့က သူ့နေအိမ်မှာ ခန်းကို ရှာမတွေ့ရင် ဖမ်းဝရမ်းထုတ်ထားပြီလို့ အစ္စလာမာဘတ်ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ခန်းဟာ မတ်လ ၇ ရက်နေ့မှာ ရုံးထုတ်ခံရမှာ ဖြစ်ပြီး တကယ်လို့ ပျက်ကွက်ခဲ့ရင် ရဲတွေက သူ့ကိုဖမ်းဆီးပြီး တရားရုံးကို တင်ပြရမယ်လို့ ပြည်ထဲရေးဝန်ကြီး ရာနာ ဆာနူးလာက ပြောပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းဟာ ခုလအစောပိုင်းက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုမှာ ဒဏ်ရာရပြီးတဲ့နောက် ပထမဆုံးအကြိမ် လူရှေ့ထွက်ချိန်မှာ အစ္စလာမာဘတ်မြို့ဆီ ချီတက်မယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်တယ်လို့ နိုဝင်ဘာ ၂၆ ရက်က ပြောပါတယ်။
တကယ်လို့ ချီတက်ခဲ့ရင် တိုင်းပြည်မှာ အဖျက်အဆီးတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမှာကို စိုးရိမ်တယ်လို့လည်း ပြောပါတယ်။
ခန်းဟာ ဧပြီလက အာဏာကနေ ဖြုတ်ချခံရပြီး ကတည်းက ရွေးကောက်ပွဲတွေ စောစော ကျင်းပ ဖို့ အစိုးရကို တွန်းအားပေးရေး နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ လုပ်ခဲ့ပါတယ်။
စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ နျူကလီးယားလက်နက်ရှင် ပါကစ္စတန်နိုင်ငံမှာ အစ္စလာမာဘတ်မြို့သို့ ချီတက်ပွဲက နိုင်ငံရေးမတည်ငြိမ်မှုတွေကို ပိုဆိုးရွားလာစေနိုင်တာပါ။
“ပျက်သုဉ်းပြီး တိုင်းပြည်ကို ဆုံးရှုံးရမယ်ဆိုတာ သိတဲ့အတွက်ကြောင့် အစ္စလာမာဘတ်ကို ကျနော် မသွားဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ခန်းက မြို့တော်နားက ရာဝယ်ပင်ဒီ မြို့စောင့်တပ်မှာ ထောက်ခံသူ ထောင်နှင့်ချီတဲ့ စုဝေးပွဲမှာ ပြောပါတယ်။
ရဲအရာရှိ တစ်ဦးက“ခန်း အတွက် လုံခြုံရေး တင်းကျပ်ထားပါတယ်။ အခမ်းအနားအတွက် စုစုပေါင်းအမှုထမ်း ၁၀,၀၀၀ ကို တပ်ဖြန့်ထားပြီး ခန်းရဲ့ လုံခြုံရေးအတွက် နေရာအသီးသီးမှာ လက်ဖြောင့် စစ်သည် စနိုက်ပါသမားတွေကို နေရာချထားပေးတယ်”လို့ ဒေသဆိုင်ရာရုပ်မြင်သံကြား ချန်နယ် Geo TV ကို ပြောပါတယ်။
ခုလအစောပိုင်းမှာ အစ္စလမ်မာဘတ်ဆီ သွားမယ့် ခန်းရဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြယာဉ်တန်းကို တိုက်ခိုက် ခံခဲ့ရတာပါ။
ဒါဟာ ခန်းရဲ့ ပြိုင်ဘက်တွေက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုဆိုတာ ရှင်းနေတယ်လို့ ခန်းရဲ့ လက်ထောက်တွေက ပြောခဲ့ပါတယ်။