close

အင်းစိန်

close

May 8, 2023

အင်းစိန်တွင် မီးလောင်ပြီး နေအိမ် ၁ လုံးနှင့် အိမ်ခန်းတွဲ ၄ ခန်း ပျက်စီး

ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ ခေမာတောင်လမ်းမှာ မေလ ၇ ရက် မနက်အစောပိုင်းက ဝါယာ‌ရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၁ လုံးနဲ့ အိမ်ခန်းတွဲ ၄ ခန်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနချုပ်ကနေ သိရပါတယ်။

မနက် ၂ နာရီ ၅၆ မိနစ်လောက်က မီးသတင်းရခဲ့တာကြောင့် အင်းစိန်မြို့နယ် မီးသတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးအသင်းတွေက Level 1 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရပြီး မနက် ၃ နာရီ ၄၀ လောက်မှာ မီးငြိှမ်းသတ်နိုင်ခဲ့တာပါ။

အင်းစိန်အခြေစိုက် ကယ်ဆယ်ရေးအသင်း တာဝန်ခံတဦးက “မီးလောင်တာက ဝါယာရှော့ဖြစ်လို့ပါ။ အဲ့အိမ်က အထည်ချုပ်လုပ်ငန်းလည်း ဖွင့်ထားတယ်။ အောက်ထပ်မှာက အခန်း ၄ ခန်း ငှားထားတာလို့ ပြောတယ်။ ခြေရင်းဘက်ကအိမ်လည်း မီးနည်းနည်းစွဲသွားတယ်။ လူထိခိုက်တာတော့ မရှိပါဘူး။ မီး စဖြစ်တာနဲ့ အကုန်လုံး ရှောင်နေကြတာ” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် အထည်ချုပ်လုပ်ငန်း ဖွင့်လှစ်ထားတဲ့ ၂ ထပ်တိုက် အဆောက်အဦ အပေါ်တထပ်လုံးနဲ့ အောက်ထပ်ရှိ အိမ်ခန်း ၄ ခန်း မီးလောင်ပျက်စီးသွားပြီး ဘေးကပ်ရက်နေအိမ်တလုံး မီးကူးစက်မှု အနည်းငယ် ရှိခဲ့ပါတယ်။

၂ ထပ်တိုက် အပေါ်ထပ်ကနေ မီးစလောင်တာလို့ ရပ်ကွက်နေသူတွေက ပြောကြပြီး လူထိခိုက်မှု မရှိဘူးလို့ သိရတဲ့အပြင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ခန့်မှန်း သိန်း ၃၀၀ ကျပ်ခန့် ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ မေလ ၁ ရက်က တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်မှာ Level 1 အဆင့် မီးလောင်မှုကြောင့် နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့သလို မေလ ၄ ရက်ကလည်း သာကေတမြို့နယ်၊ ၆ အရှေ့ရပ်ကွက်မှာ Level 2 အဆင့် မီးလောင်မှုကြောင့် နေအိမ် ၆ လုံးနဲ့ တခြမ်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

5 mins Ago

May 7, 2023

အင်းစိန်တွင် ကုန်တင်ကား ၂ စီး တိုက်မိ၊ ၁ ဦးသေ ၄ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ခရေပင်လမ်းမ၊ အစာစက်မှတ်တိုင်အနီးမှာ မေ ၅ ရက် နေ့လယ်ပိုင်းက ကုန်တင်ကား ၂ စီး မျက်နှာချင်းဆိုင် တိုက်မိပြီး လူ ၁ ဦးသေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

မနေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်လောက်က တညင်းကုန်းဘက်ကနေလာတဲ့ ကုန်တင် ၂၂ ဘီးကားနဲ့ မင်္ဂလာဒုံခရေပင်လမ်းခွဲကနေ မောင်းလာတဲ့ ၁၂ ဘီးကားတို့ အစာစက်ကွေ့မှာ အရှိန်လွန် တိုက်မိ ကြတာပါ။

အင်းစိန်အခြေစိုက် ကယ်ဆယ်ရေးအသင်း တာဝန်ခံတဦးက  " ၂၂ ဘီးနဲ့ ၁၂ ဘီး ဝင်တိုက်မိကြတာ၊ ကားနှစ်စီစလုံး ခေါင်းကြေမွ အမိုးတွေ လန်သွားတယ်။ ကားသမားတစ်ယောက်ကို အနီရောင် အဆင့်နဲ့ ဆေးရုံပို့နေတုန်း အရောင်ပြောင်းသွားတယ်။ လူနာက ၄ ယောက် ထွက်ပါတယ်"လို့  ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် ကုန်တင် ၂၂ ဘီးကား ယာဉ်မောင်း အမျိုးသားမှာ ကားထဲ ညှပ်နေပြီး လူ ၄ ဦးပါ ၁၂ ဘီးကားက အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကားထဲညှပ်နေတဲ့ ၂၂ ဘီး ယာဉ်မောင်းအမျိုးသားကို မင်္ဂလာဒုံနဲ့ အင်းစိန်မီးသတ်ဌာန၊ ကယ်ဆယ်ရေးအသင်းတွေက ကယ်ထုတ်နိုင်ခဲ့ကြပြီး စိုးရိမ်ရလူနာအဖြစ် အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်နေချိန် လမ်းမှာ သေဆုံးသွားပါတယ်။ 

အဲဒီညပိုင်း ၈ နာရီ ၁၀ မိနစ်ခန့်မှာပဲ မင်္ဂလာဒုံမြို့နယ် ရန်ကုန်- ပြည်လမ်း၊ ရွှေညောင်ပင်အနားမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦးကို  မင်္ဂလာဒုံနဲ့ ပုလဲအရန် မီးသတ်တပ်ဖွဲ့တို့က ကူညီကယ်ဆယ်ခဲ့ကြတယ်လို့ သိရပါတယ်။

1 day Ago
Up