close

အင်းရွာရဲစခန်း

close

October 16, 2021

ကသာမြို့နယ်က အင်းရွာရဲစခန်း မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်နဲ့   ၇ မိုင်လောက်ဝေးတဲ့ အင်းရွာကျေးရွာ ရဲစခန်း   အောက်တိုဘာ  ၁၅ ရက် ည ၁၀ နာရီဝန်းကျင်က ဝင်ရောက် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကသာမြို့နယ်ထဲက  တိုက်နယ်ရဲစခန်းတွေမှာ  နေ့ပိုင်း  ကင်းစောင့်ထားပြီး ညပိုင်း ကသာမြို့မရဲစ ခန်းမှာသာ အင်အားဖြည့်တင်းထားလို့  ကသာရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒေသခံတစ်ဦးက "အဲဒီရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ယောက်မှ CDM ထဲမပါဘူး။ အဲဒီရဲစခန်းကို ရဲတွေက မနက်ပိုင်း ကားနဲ့လာစောင့်တယ်။ ညပိုင်းဆိုကားနဲ့ ကသာကို ပြန်တယ်။ လူထိခိုက်တာတော့မရှိဘူး စခန်းကတော့ မီးလောင်သွားပြီ"လို့ ပြောပါတယ်။

အဲ့ဒီလို ဝင်ရောက်တိုက်ခိုက်တာဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့  Fox Army HPDF အဖွဲ့က ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်သားတစ်ဦး  သေဆုံးသွားတယ်လို့လည်းဆိုပါတယ်။

"အဲ့ဒီရဲစခန်းက ရဲတွေအကုန်လုံးပြောင်းထားတယ်။ ပြောင်းထားတာ အတော်ကြာပြီ။ အဲဒီမှာ အစောင့်လောက်ပဲထားတယ်။ အပြန်အလှန် ပစ်ခတ်တဲ့ တိုက်ပွဲတော့မဖြစ်ပါဘူး။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အင်းရွာကျေးရွာရဲစခန်းက ရဲတပ်ဖွဲ့ဟာ  CDM လှုပ်ရှားမှုမှာ တစ်ဦးမှ  ပါဝင်တာ မရှိလို့  မီးရှို့ဖျက်ဆီးတာလို့လည်း မြေခွေးတပ်မတော် Fox Army-HPDF က ထုတ်ပြန်ပါတယ်။

2 mins Ago
Up