close

အင်္ဂလန်ကစားသမား

close

March 18, 2023

ပရီးမီးယားလိဂ်တွင် အင်္ဂလန်ကစားသမားအသုံးပြုမှုကျဆင်းလာခြင်းကို နည်းပြဆောက်ဂိတ် စိုးရိမ်

အခုနှစ်ပရီးမီးယားလိဂ်မှာ အင်္ဂလန်ကစားသမားတွေကို ပွဲထွက်အသုံးပြုမှု ကျဆင်းလာခဲ့တာကို နည်းပြ ဆောက်ဂိတ်က စိုးရိမ်နေပါတယ်။

ပြီးခဲ့တဲ့နှစ်ပတ်အတွင်းမှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ ပွဲထွက်လူစာရင်းက ကစားသမားတွေအားလုံးရဲ့ ၂၈ ရာခိုင်နှုန်းပဲ အင်္ဂလန်ကစားသမား ပါဝင်ခဲ့တာပါ။ 

နည်းပြ ဆောက်ဂိတ် စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်က အင်္ဂလန်ကစားသမားအသုံးပြုမူဟာ ၃၈ ရာခိုင်နှုန်းအထိရှိခဲ့ပြီး အဲဒီကနေ ၃၅၊ ၃၂ ရာခိုင်နူန်းအထိကျဆင်းလာခဲ့ပြီး လက်ရှိအချိန်မှာ ၂၈ ရာခိုင်နှုန်းသာအသုံးပြုတော့တာပါ။

အခုနှစ်ပရီးမီးယားလိဂ်မှာ အင်္ဂလန်ကစားသမား ၁၆၁ ဦး ပါဝင်ကစားနေပြီး ၂၂ဦးက တခြားထိပ်တန်းလိဂ်တွေမှာကစားနေကြပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ တခြားနိုင်ငံက ကစားသမား ရာခိုင်နှုန်းက ၈၀ ရာခိုင်နှုန်းအထိရှိခဲ့တာကိုလည်း နည်းပြဆောက်ဂိတ်က ထောက်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ဘယ်အစွန်နောက်ခံလူနေရာကစားနေတဲ့ ဘယ်ခြေသန်ကစားသမားက ၄ ဦးသာရှိလို့ အနာဂတ်မှာတော့ ချန်ပီယံရှစ်နဲ့ တခြားလိဂ်တွေက အင်္ဂလန်ကစားသမားတွေကို ရှာဖွေရွေးချယ်ရတာမျိုးရှိလာနိုင်ကြောင်းလည်း အင်္ဂလန်နည်းပြဆောက်ဂိတ်က ပြောသွားပါတယ်။

2 hours Ago

December 26, 2022

ကမ္ဘာ့ဖလားဆုရှင် အင်္ဂလန်ကစားသမား ဂျော့ချ်ကိုဟင် ကွယ်လွန်

အင်္ဂလန်ရဲ့ ၁၉၆၆ ကမ္ဘာ့ဖလားဆုရှင် ညာနောက်ခံလူ ဂျော့ခ်ျကိုဟင်ဟာ အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ သူ့ရဲ့အသင်းဟောင်း ဖူလ်ဟမ်က ဒီဇင်ဘာ ၂၃ ရက်မှာ ကြေညာခဲ့ပါတယ်။

ကိုဟင်ဟာ သူ့ရဲ့ နိုင်ငံတကာပွဲဦးထွက်အဖြစ် ၁၉၆၄ ခုနှစ်မှာ နိုင်ငံကိုယ်စားပြု ပါဝင်ခဲ့ပြီး အင်္ဂလန်ရဲ့ တခုတည်းသော ကမ္ဘာ့ဖလား အောင်မြင်မှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

သူဟာ ကစားသမားဘဝတလျှောက်လုံး ဖူလ်ဟမ်ကလပ်အသင်း တသင်းတည်းမှာပဲ ၄၅၉ ပွဲ ကစားခဲ့သူ ဖြစ်ပါတယ်။

3 months Ago
Up