close

အင်္ဂလန်နည်းပြဆောက်ဂိတ်

close

July 12, 2021

အင်္ဂလန်နည်းပြဆောက်ဂိတ်၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ရှိမည်

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ လာမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအထိ လက်ရွေးစင်အသင်းကို ဆက်လက်ကိုင်တွယ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

နည်းပြဆောက်ဂိတ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲ အထိတက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အီတလီကို ပင်နယ်တီအဆုံးအဖြတ်မှာရူံးနိမ့်ခဲ့လို့ ဆုဖလား လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်အက်ဖ်အေကတော့ အစောပိုင်းကတည်းက ဆောက်ဂိတ်ကို စာချုပ်သက်တမ်း တိုးဖို့ ကမ်းလှမ်းထားခဲ့ဖူးပါတယ်။ ယူရိုဗိုလ်လုပွဲအပြီးမှာ သူ့ရဲ့ အနာဂတ်နဲ့ပက်သက်ပြီး နည်းပြဆောက်ဂိတ်ကို မီဒီယာတွေကမေးမြန်းရာမှာ လက်ရှိအချိန်မှာ မစဉ်းစားလိုသေးကြောင်း ပြောပါတယ်။

ဆောက်ဂိတ်က" အခုချိန်က ဘာမှ စဉ်းစားဖို့ အချိန်မကျသေးပါဘူး။ ကျနော်တို့ ကာတာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ အရင် လုပ်ရပါဦးမယ်။ ဒါပေမဲ့ ခုချိန်က ယူရိုပြိုင်ပွဲတစ်ခုလုံးကို ပြန်လည်သုံးသပ်ပြီးပွဲတွေပြန်ကြည့်ဖို့ အချိန် တချို့လိုပါတယ်။ပြီးတော့ အနားယူဖို့ လိုအပ်ပါတယ်" လို့ ပြောပါတယ်။

ဆောက်ဂိတ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ် တက်ရောက်အောင်စွမ်းဆောင်ပြခဲ့ပြီး ယူရိုပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်ရောက်အောင်စွမ်း  ဆောင်နိုင်ခဲ့တာကြောင့် အက်ဖ်အေက ကာတာ ကမ္ဘာ့ဖလား အလွန်အထိ ဆက်လက်တာဝန်ပေးအပ်ဖို့ ရှိနေပါတယ်။

12 hours Ago
Up