အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းတိုးတက်မှုတွေရှိခဲ့တာကြောင့် နည်းပြချုပ်ရာထူး ဆက်ယူခဲ့တာဖြစ်တယ်လို့ နည်းပြဆောက်ဂိတ်ကပြောပါတယ်။
အင်္ဂလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ပြင်သစ်ကို ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
နည်းပြဆောက်ဂိတ်ရဲ့ အရည်အချင်းအပေါ် ဝေဖန်မှုတချို့ရှိခဲ့ပေမဲ့ ခြေစွမ်းတိုးတက် လာမှုတွေကြောင့် အင်္ဂလန်နည်းပြတာဝန်ကိုဆက်ယူခဲ့တာလို့ ဆောက်ဂိတ်ကပြောပါတယ်။
“အရည်အသွေးရှိတဲ့ခြေစွမ်းနဲ့ တိုးတက်မှုတွေရှိအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ အသင်းကဆက်ပြီးတိုး တက်လာဦးမှာပါ။ ကျနော်တို့ လုပ်ဆောင်နေတဲ့အပေါ်မှာလည်း အားလုံးက ယုံကြည်မူရှိကြတယ်”လို့ နည်းပြဆောက်ဂိတ်ကပြောပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့် မတ်လ ၂၄ ရက် ကစပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
နည်းပြဆောက်ဂိတ်အနေနဲ့ ဂျာမနီမှာကျင်းပမယ့် ယူရို၂၀၂၄ ပြိုင်ပွဲအထိ စာချုပ်ရှိနေပြီး အဲဒီပြိုင်ပွဲအထိ ဆက်လက်တာဝန်ယူမှာ ဖြစ်ပါတယ်။