ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲမှာ ကစားသမားတွေကို ထိန်းချုပ်နိုင်မှုမရှိခဲ့တဲ့ မန်ယူအသင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) စတာလင်ပေါင် ၈၂၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လကယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ် အသင်းနဲ့ပွဲစဉ်မှာ စီရော်နယ်ဒိုရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့လို့ မန်ယူအသင်းသားတွေက ဒိုင်လူကြီး ခရိတ်ပေါလ်ဆင်ကို ဝိုင်းဝန်ဖိအားပေးခဲ့ကြတာပါ။
ဒါ့အပြင် ချဲလ်ဆီးအသင်းနဲ့ပွဲမှာလည်း တွန်မီနေးက ဘရိုဂျာကို ဆွဲလှဲခဲ့လို့ ပင်နယ်တီပေးခဲ့ရတဲ့အပေါ် ဒိုင်လူကြီး အက်သ်ဝဲလ်ကို ဝိုင်းဝန်စောဒက တက်ခဲ့ကြတာပါ။
အဲဒီပွဲစဉ် နှစ်ပွဲမှာ မန်ယူကစားသမားတွေရဲ့ ဖိအားပေးမှုအပေါ် အက်ဖ်အေက စုံစမ်းစစ်ဆေးခဲ့ပြီး နယူးကာဆယ်ပွဲက ဖြစ်ရပ်အတွက် ပေါင် ၄၅၀၀၀ ၊ ချဲလ်ဆီးနဲ့ပွဲကဖြစ်ရပ်အတွက် ပေါင် ၃၇၀၀၀ ဒဏ်ရိုက်ခဲ့တာပါ။
နည်းပြတန်ဟတ်ဂ်ကတော့ ကစားသမားတွေရဲ့ ဖိအားပေးမှုဟာ လွန်ကဲတဲ့အခြေအနေ မဟုတ်ကြောင်း၊ တချို့ဖြစ်ရပ်တွေမှာ အလှမ်းဝေးနေလို့ တိတိကျကျ မမြင်နိုင်ခဲ့ကြောင်းပြောသွားပါတယ်။
ဒိန်းမတ်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂိုးသမား ရှမိုက်ကယ်ရဲ့မျက်နှာကို လေဆာနဲ့ထိုးခဲ့တဲ့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကို ၂၆,၀၀၀ ဒဏ်ရိုက်လိုက်ပါတယ်။
အင်္ဂလန်တိုက် စစ်မှူးဟာရီကိန်း ပင်နယ်တီကန်သွင်းချိန်မှာ ပြိုင်ဘက် ဂိုးသမားရှမိုက်ကယ်ရဲ့မျက်နှာကို အင်္ဂလန်ပရိတစ်ဦးက လေဆာမီးနဲ့ လှမ်းထိုးခဲ့တာပါ။
စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာတော့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကို ၂၆,၀၀၀ ဒဏ်ရိုက်ကြောင်း ယူအီးအက်ဖ်အေက ဆုံးဖြတ်ခဲ့တာပါ။
ဒါ့အပြင် ဒိန်းမတ် နိုင်ငံတော်သီချင်းသီဆိုနေချိန်မှာ အင်္ဂလန်ပရိသတ်တချို့က လှောင်ပြောင် အော်ဟစ်ခဲ့မှုအတွက်လည်း အင်္ဂလန်အက်ဖ်အေကို ပေါင် ၄၃၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။
ဒိန်းမတ်ဂိုးသမားကို ရှမိုက်ကယ်ကတော့ ပင်နယ်တီကိုကာကွယ်ဖို့ လုပ်နေစဉ်မှာ လေဆာနဲ့ထိုးခံခဲ့ရတာကို ဒိုင်လူကြီးဆီ တိုင်ကြားခဲ့ပြီး ကွင်းလယ်ဒိုင်က ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေကို ဆက်လက်တင်ပြခဲ့တယ်လို့ ပြောပါတယ်။
အင်္ဂလန်ပရိသတ်တွေဟာ ဇူလိုင် ၁၂ ရက်နေ့ မနက်အစောပိုင်း ကစားမယ့် အီတလီနဲ့ ပွဲစဉ်အတွက်လည်း အင်တိုက်အားတိုက် အားပေးသွားဖို့ရှိပါတယ်။