close

အင်္ဂလန်လက်ရွေးစင်

close

June 30, 2022

ယူရိုသန်း ၁၂၀ ရမှ လူငယ်ကစားသမား ဘယ်လင်ဂမ်ကို ဒေါ့မွန်အသင်း ရောင်းချမည်

ဂျာမန်ကလပ် ဒေါ့မွန်အသင်းဟာ ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ယူရိုသန်း ၁၂၀ (ပေါင် ၁၀၃ သန်း) ရရှိမှပဲ ရောင်းချဖို့ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ဇွန် ၂၉ ရက်ကမှ အသက် ၁၉ နှစ်ပြည့်မြောက်ခဲ့တဲ့ ဘယ်လင်ဂမ်ဟာ အင်္ဂလန်လက်ရွေးစင် ကစားသမားတဦးဖြစ်ပြီး ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရတာပါ။

ဒေါ့မွန်နဲ့ ၃ နှစ်စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမဲ့ လာမယ့်ရာသီမှာ ယူရိုသန်း ၁၂၀ ရရှိမှသာ အသင်းပြောင်းရွှေ့ခွင့်ပြုဖို့ စီစဉ်ထားပါတယ်။

ဘယ်လင်ဂမ်ကိုခေါ်ယူဖို့ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေက စိတ်ဝင်စားနေပါတယ်။

11 mins Ago

November 18, 2020

အင်္ဂလန်လက်ရွေးစင် ဂျက်ဂရီးလစ်ချ်ကို နည်းပြဆောက်ဂိတ် ချီးကျူး 

အင်္ဂလန်လက်ရွေးစင် ဂျက်ဂရီးလစ်ချ်ဟာ လူတွေရဲ့ အာရုံစိုက်မှုတွေကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ နည်းပြဆောက်ဂိတ်က ချီးကျူးလိုက်ပါတယ်။ အက်စ်တွန်ဗီလာ ကွင်းလယ်လူ ဂရီးလစ်ချ်ဟာ အင်္ဂလန်အသင်း နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် လူတွေရဲ့အာရုံစိုက်မှု ခံနေရတာဖြစ်ပါတယ်။  နည်းပြဆောက်ဂိတ်ကတော့ ဂရီးလစ်ချ်ဟာ နာမည်ကြီးကစားသမားတစ်ဦး ဖြစ်လာတာကြောင့် လူတွေရဲ့ အာရုံစိုက်မှုတွေကို အကောင်းမွန်ဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ဆောက်ဂိတ်က သုံးသပ်ခဲ့တာပါ။  အင်္ဂလန်လက်ရွေးစင် ကစားသမားဘဝအစမှာပဲ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂရီးလစ်ရှ်ဟာ ဘောလုံးနဲ့အတူ ဆွဲပြေးပြီး ကန်သွင်းနိုင်တဲ့သူလည်း ဖြစ်တယ်လို့လည်း နည်းပြ ဆောက်ဂိတ်က ချီးကျူးပြောပါတယ်။ 
2 years Ago
Up