close

အင်္ဂလန်အက်ဖ်အေဖလား

close

December 30, 2021

အင်္ဂလန်အက်ဖ်အေဖလားပွဲစဉ်တွင် အမျိုးသမီးကွင်းလယ်ဒိုင် ပထမဆုံး ကိုင်တွယ်မည်

အင်္ဂလန်အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ အမျိုးသမီးကွင်းလယ်ဒိုင်ကို ပထမဆုံးအကြိမ် အသုံးပြုသွားတော့မှာပါ။ 

ဘာမင်ဂမ်အသင်းနဲ့ ပလိုင်းမောက်အသင်းတို့ ကစားကြမယ့် အက်ဖ်အေ ဖလားတတိယအဆင့်ပွဲစဉ်မှာ အမျိုးသမီးကွင်းလယ်ဒိုင် ရေဘက်ကာဝဲချ်က တာဝန်ယူမှာဖြစ်ပြီး  ပြိုင်ပွဲသမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ 

အသက် ၃၈ နှစ်ရှိ ရေဘက်ကာဟာ အမျိုးသမီးစူပါလိဂ် ပွဲစဉ်တွေနဲ့ အမျိုးသမီးအက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်တွေကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။ 

သူ့အတွက် ပထမဆုံးအမျိုးသားဘောလုံးပွဲစဉ်က အခုနှစ်ဧပြီလအတွင်းက ပေါ့သ်နဲ့ ဟာရိုဂိတ်တို့ရဲ့ အင်္ဂလန် အောက်တန်းလိဂ်ပွဲစဉ်ဖြစ်ပြီး အဲဒီပွဲမှာ အဝါကတ် ၂ ကတ် ပြသခဲ့ပါတယ်။ 

အဲဒီပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့တဲ့ ဟာရိုဂိတ်နည်းပြ ဆိုင်မွန်ကတော့ ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့တယ်လို့ ချီးကျူးပါတယ်။ 

အမျိုးသားကျန်းမာရေးစင်တာ အုပ်ချုပ်ရေးမှူးလုပ်ခဲ့တဲ့ ရေဘက်ကာဟာ အရင်ကတော့ အမျိုးသမီးကွင်း လယ်ဒိုင်တစ်ဦး ဖြစ်လာမယ်လို့ အိပ်မက်တောင်မက်ခဲ့ဘူးလို့ ဆိုပါတယ်။ 

1 min Ago
Up