close

အင်္ဂလန်အနောက်တောင်ပိုင်း

close

August 13, 2021

အင်္ဂလန်အနောက်တောင်ပိုင်း ပစ်ခတ်မှုအတွင်း ၆ ဦး သေဆုံး

အင်္ဂလန်အနောက်တောင်ပိုင်း ပလိုင်းမော့သ်မြို့မှာ  သြဂုတ် ၁၂  ရက်ညနေပိုင်းက အစုလိုက် အပြုံလိုက်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအ၀င် လူ ၆ ဦး သေဆုံးခဲ့ရမှုဟာ ထိတ်လန့်စရာဖြစ်ရပ်ကြီးလို့  ဗြိတိသျှပြည်ထဲရေး၀န်ကြီးက ပြောပါတယ်။ 

သံသယရှိသူအပါအဝင် အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသားသုံးဦးတို့ဟာ အခင်းဖြစ်ရာနေရာမှာပဲ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နောက်ထပ်အမျိုးသမီးတစ်ဦးလည်း ဆေးရုံရောက်ပြီး သိပ်မကြာခင်မှာပဲ သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ 

အသတ်ခံရသူတွေထဲကတစ်ဦးဟာ အသက် ၁၀ နှစ်အောက် ကလေးတစ်ဦး ဖြစ်တယ်လို့လည်း အတိုက်အခံလေဘာပါတီမှ ဒေသဆိုင်ရာဥပဒေပြုအမတ် လူကီပိုးလ်လတ်ဒ်ကတွစ်တာမှာ ပြောထားပါတယ်။

ရဲတွေဟာ အစောပိုင်းကတော့ ဒီပစ်ခတ်မှုကို ပြင်းထန်တဲ့ လက်နက်ပစ်ခတ်မှု ဖြစ်ရပ်လို့ ဖော်ပြခဲ့ပြီး အခြေအနေကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ဒီအဖြစ်အပျက်ဟာ အကြမ်းဖက်မှုနဲ့ မဆိုင်ဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

အနက်နဲ့မီးခိုး ဝတ်စုံကိုဝတ်ထားပြီး  semi-automatic လက်နက်ကိုင် သေနတ်သမား အမျိုးသား တစ်ယောက်ဟာ အိမ် ၂ လုံးတွဲရဲ့ အရှေ့တံခါးကို ကန်ဖွင့်လိုက်ပြီးတော့ အမေနဲ့သမီးကို ပစ်ခဲ့တယ်လို့ အသက် ၅၇ နှစ်အရွယ် ရှာရွန်တာနာက ပြောတဲ့အကြောင်း  The Times သတင်းစာက ကိုးကားဖော်ပြပါတယ်။ 

12 mins Ago
Up