close

အင်္ဂလန်အလယ်ပိုင်း

close

June 14, 2022

အင်္ဂလန်အလယ်ပိုင်းရှိ ထုတ်ပိုးစက်ရုံ မီးလောင်

ဗြိတိန်နိုင်ငံ၊ အင်္ဂလန်နယ်အလယ်ပိုင်းက စမားဖစ်ကပ်ပါ ထုပ်ပိုးစက်ရုံမှာ ညတွင်းချင်း မီးအကြီးအကျယ် လောင်အပြီး လုပ်ငန်းပြန်စနေပြီလို့ ဒေသခံမီးသတ်ဌာနက ဇွန် ၁၃ ရက်မှာ ပြောပါတယ်။

ဇွန် ၁၂ ရက်က ဒေသစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၄၀ လောက်က မီးဘေး အကြောင်းကြားတာ ရအပြီး ဘာမင်ဟမ်အပါအဝင် ဒေသတဝန်းက မီးသတ်သမား အယောက် ၁၀၀ ကျော် မီးကို ကြိုးစား ထိန်းချုပ်ခဲ့ရပြီး အသေအပျောက် အစီရင်ခံတာ မရှိဘူးလို့ ဝက်စ်မစ်ဒ်လန်းစ် မီးသတ်ဌာနက ပြောပါတယ်။

ကတ္ထူပြား တန်ချိန် ၈၀၀၀ ကျော် မီးလောင်ခဲ့လို့ အကြီးစား မီးဘေးအဖြစ် ကြေညာခဲ့ရတာပါ။ ဘယ်လို မီးစလောင်တာလဲ ဆိုတာ ဆုံးဖြတ်ဖို့ မီးဘေးစုံစမ်းစစ်ဆေးသူတွေက ဇွန် ၁၃ ရက်က စပြီး စစ်ဆေးဆောင်ရွက်သွားမယ်လို့ မီးသတ်ဌာနက ပြောခဲ့ပါတယ်။

ဥရောပရဲ့ အကြီးဆုံး စက္ကူထုပ်ပိုးမှုလုပ်ငန်း စမားဖစ်ကပ်ပါကတော့ မီးလောင်မှုအတွက် ချက်ချင်း မှတ်ချက် မပေးသေးပါဘူး။

ကုမ္ပဏီရဲ့ လန်ဒန်ရှယ်ယာကတော့ ၂ ဒသမ ၂  ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး FTSE 100 ညွှန်းကိန်းကလည်း  ၀ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

ကုမ္ပဏီဟာ သူ့ထုတ်ကုန်တွေကို သူ့လုပ်ငန်းလည်ပတ်ရာ ၃၆ နိုင်ငံလုံး နီးပါးမှာ ထိထိ ရောက်ရောက် ရောင်းချနေဆဲလို့ ဒီနှစ်အစောပိုင်းမှာ ပြောခဲ့ဖူးပါတယ်။

43 seconds Ago
Up