close

အင်္ဂလိပ်စကားပြော

close

August 24, 2022

မြောက်ကိုရီးယားတွင် မူလတန်းကျောင်းသားများကို အင်္ဂလိပ်စကားပြောသင်ပေးနေ

မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာရှိတဲ့ မူလတန်းကျောင်းတကျောင်းဟာ ကျောင်းသားတွေရဲ့  အရည်အချင်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အင်္ဂလိပ်စကားပြောနဲ့ ဂီတလိုသင်ရိုးညွှန်းတမ်း အမျိုးမျိုးကို ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ကြေညာပါတယ်။

မိုလန်ဘုံခရိုင် ကျုံးဆောင်း မူလတန်းကျောင်းက ကျောင်းသားတချို့ဟာ အင်္ဂလိပ်စကားပြော သင်တန်းကို တက်ရောက်ခဲ့ကြပြီး တချို့က ပေသီး၊ တေးဂီတနဲ့ အကသင်တန်းတွေ တက်ရောက် နေတဲ့ရုပ်သံကို ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီရုပ်သံကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုတာမျိုး မလုပ်နိုင်သေးပါဘူး။ 

ကျောင်းသားမိခင်တယောက်က “သားဖြစ်သူဟာ စိတ်ရှုပ်စရာမကောင်းတော့ဘဲ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ပြီး မေးခွန်းတွေ မေးတတ်တဲ့အတွက် သူ့ရဲ့လုပ်ဆောင်ချက်စွမ်းရည်က အများကြီးတိုးတက်လာခဲ့ပါတယ်။ ကျောင်းမှာ ဒီလိုသင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားမှုတွေကို လုပ်ပေးတဲ့ ဆရာမတွေကို ကျေးဇူးတင်ချင်ပါတယ်” လို့ ပြောပါတယ်။

မြောက်ကိုရီးယားမှာ သူငယ်တန်း တစ်နှစ်၊ မူလတန်းကျောင်း ငါးနှစ်၊ အလယ်တန်းကျောင်း သုံးနှစ်နဲ့ အထက်တန်းကျောင်း သုံးနှစ်တို့ ပါဝင်တဲ့ မသင်မနေရ ပညာရေးစနစ်ကို ၁၂ နှစ်ကြာ သင်ကြားပို့ချပေးနေတာဖြစ်ပါတယ်။

44 seconds Ago
Up