မန်ယူအသင်းဟာ တူရကီကလပ် ဘက်ဆစ်တပ်မှာ ကစားနေတဲ့ တိုက်စစ်မှူးဝက်ဂ်ဟော့စ်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ သဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။
အသက် ၃၀ နှစ်ရှိ ဟော်လန်တိုက်စစ်မှူးဟာ ချန်ပီယံရှစ်ကလပ် ဘန်လေကနေ ဘက်ဆစ်တပ်အသင်းမှာ အငှားသွားရောက်ကစားနေတာပါ။
မန်ယူအသင်းက ဝက်ဂ်ဟော့စ်အတွက် ၆ လအငှားစာချုပ်ကြေးအဖြစ် ပေါင် ၂ သန်းခွဲပေးချေမှာဖြစ်ပြီး ဘက်ဆစ် တပ်အသင်းဘက်ကလည်း လက်ခံသဘောတူညီခဲ့တာပါ။
ဒါပေမဲ့ ၁၈ ပွဲမှာ ၉ ဂိုးသွင်းထားတဲ့ သူ့နေရာမှာ အစားထိုးနိုင်မယ့်တိုက်စစ်မှူးတစ်ဦးကို အရင်ရှာဖွေမယ်လို့ ဆိုပါတယ်။
ဘက်ဆစ်တပ်အသင်းဟာ ဆော်ဒီကလပ်အယ်လ်နာဆာနဲ့ စာချုပ်ဖျက်သိမ်းခဲ့ရတဲ့ ကင်မရွန်းတိုက်စစ်မှူး အဘူဘာကာကို အစားထိုးခေါ်ယူဖို့ ချိတ်ဆက်မှုတွေလုပ်ဆောင်နေပါတယ်။