close

အစင်စံပြကျေးရွာ

close

April 26, 2023

ဘီးလင်းအခွန်ရုံးနှင့် ရေးမြို့နယ် အစင်စံပြကျေးရွာတို့တွင် ပေါက်ကွဲမှုဖြစ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ ဘီးလင်း-တောင်စွန်းလမ်းရှိ ဘီးလင်းမြို့ အခွန်ရုံးမှာ ဧပြီ ၂၆ ရက် မနက် ၁ နာရီလောက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦနဲ့ ရုံးထဲက စာရွက်စာတမ်းတွေ ပျက်စီးခဲ့ပြီး အသံက လူတွေအိပ်နေတဲ့ အချိန်ဆိုတော့ အိမ်တွေပါ တုန်တယ်။ နောက်တော့ အခွန်ရုံးမှာ ပေါက်ကွဲမှုဆိုတာပဲ သိရတယ်။ ဘယ်လိုမျိုး ဖောက်ခွဲခံရသလဲဆိုတာ အတိအကျ မသိရသေးဘူး” လို့‌ ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာ ကိုက် ၁၀၀ အတွင်းမှာ စစ်ကောင်စီတပ်တွေ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ရုံးအဆောက်အဦ ပျက်စီးခဲ့ပေမဲ့ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်မှုမရှိဘဲ စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အခွန်ရုံး ရှော့တိုက်လက်လုပ်ဗုံးနဲ့ တိုက်ခိုက်ခံရလို့ ရုံးအဆောက်အဦနဲ့ ရုံးဝင်းတံခါးတွေ ပျက်စီးသွားပြီး ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား ၆ ဦးက ဗုံးခွဲခဲ့တာလို့ ဆိုပါတယ်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်စံပြကျေးရွာရှိ အစင်စံပြကျေးရွာနဲ့ ဇီးဖြူသောင်ကျေးရွာ ဆက်သွယ်ထားတဲ့ ကားလမ်းမှာ ဧပြီ ၂၅ ရက် ညက မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းပေါက်ကွဲသံ ကြားရပြီးနောက် စစ်ကောင်စီလက်အောက်ခံ ကျေးရွာပြည်သူ့စစ်တွေက သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှုတော့ မကြားရသေးဘူးလို့ ဆိုပါတယ်။

အခု ဗုံးခွဲတာနဲ့ပတ်သက်ပြီး ရေးပြည်သူ့ကာကွယ်ရေး (YSTF) နဲ့ UG တို့က ဖောက်ခွဲတာဖြစ်ပြီး စကစရဲ့ လက်ကိုင်တုတ်တွေကို ထပ်မံသတိပေးခဲ့သလို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ YSTF ပြောရေးဆိုခွင့်ရှိသူ စောသာစေးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးတွေ တင်းကျပ် ပိတ်ဆို့ထားတဲ့ကြားကနေ စစ်ကောင်စီ ပြည်သူ့စစ် ၂ ယောက် ပစ်ခတ်တိုက်ခိုက်ခံထားရပါတယ်။

4 mins Ago

September 8, 2022

ရေးမြို့နယ် အစင်စံပြကျေးရွာတွင် မီးလောင်ကျွမ်း (ဓာတ်ပုံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင် စံပြကျေးရွာ ကမ်းနားလမ်း နေအိမ်တအိမ်မှာ စက်တင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ က မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးစတင်လောင်ကျွမ်းတာနဲ့ ဒေသခံပြည်သူတွေ အပါအဝင် မီးသတ်သမားတွေက မီးသတ်ကား၊ ရေသယ်ကားတွေနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၃၇ မိနစ်မှာ လုံးဝ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်သမားတွေက ပြောပါတယ်။

အဆိုပါနေအိမ်မှာ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးနေပါတယ်။

မီးလောင်မှုကြောင့် ရေခဲငါးဂိုထောင်ဆောင် နေအိမ်သာ မီးလောင်ကျွမ်း ဆုံးရှုံးပြီး ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့တာကြောင့် ဘေးပတ်ဝန်းကျင် နေအိမ်တွေ မီးမကူးစက်ခဲ့သလို ဆုံးရှုံးမှုတန်ဖိုး မသိရှိရသေးဘူးလို့ ဆိုပါတယ်။

နှစ်စဉ် မြန်မာနိုင်ငံမှာ မီးဘေးအန္တရာယ်ကြောင့် မီးလောင်ကျွမ်းမှုဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်းများစွာ ရှိတယ်လို့ ဆိုပါတယ်။

8 months Ago
Up