close

အစာအဆိပ်သင့်မှု

close

August 25, 2021

ဒါန်းမ်စတဒ်တက္ကသိုလ်အဖွဲ့ဝင်များ အစာအဆိပ်သင့်ခံရမှု ဂျာမန်ရဲများ စုံစမ်းစစ်ဆေး

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းက ဒါန်းမ်စတဒ်နည်းပညာတက္ကသိုလ်အဖွဲ့ဝင်တွေမှာ အဆိပ်သင့်တဲ့ လက္ခဏာပြခဲ့ပြီးတဲ့နောက် လူသတ်ဖို့ ကြိုးစားမှု ၇ ခုအဖြစ် ဂျာမန်ရဲတွေက စုံစမ်းစစ်ဆေးနေတယ်လို့ မြို့ရဲ့ အစိုးရရှေ့နေချုပ်က သြဂုတ် ၂၄ ရက်မှာ ပြောပါတယ်။

သေစေနိုင်တဲ့ ပစ္စည်းတခုကို စားစရာအတော်များများထဲမှာ တွေ့ခဲ့တဲ့အချက်အပေါ် မူတည်ပြီး စုံစမ်းစစ်ဆေးနေတာလို့ ရှေ့နေချုပ် ရောဘတ်ဟာ့တ်မဲန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

Materials and Earth Sciences ဌာနက စားစရာတွေနဲ့ ရေဘူးတွေကို နည်းပညာတက္ကသိုလ် အဖွဲ့ဝင်အားလုံး မထိကြဖို့ သတိပေးထားတဲ့ စာတွေကိုလည်း တက္ကသိုလ်ပရဝဏ်ထဲက မှန်တံခါးတွေမှာ ကပ်ထားပါတယ်။

“လာမယ့်ရက်တွေအတွင်း တက္ကသိုလ် ပရဝဏ်အတွင်း ရှိနေတဲ့ စားစရာ သောက်စရာတွေကို မစားသောက်ကြဖို့ ကြိုတင်သတိထားတဲ့အနေနဲ့ ကျနော်တို့ သတိပေးပါတယ်ဆိုတဲ့ သတိပေးစာကိုလည်း တွေ့ရပါတယ်။ သြဂုတ် ၂၃ ရက်က တက္ကသိုလ်အတွင်း လူ ၇ ယောက်ဟာ ဆိုးဆိုးရွားရွား အဆိပ်သင့်ခဲ့လို့ မအီမသာဖြစ်ပြီး လက်ချောင်းတွေနဲ့ ခြေထောက်တွေ အရောင်ပြောင်းခဲ့ကြတယ်”လို့ ဒေသခံ မီဒီယာက ပြောပါတယ်။

အသက် ၃၀ အရွယ် ကျောင်းသားအကူတယောက်ကတော့ အစောပိုင်းက အသက်ဘေး ရှိနေပေမဲ့ ခုတော့ တော်တော်သက်သာလာပြီလို့ ဒေသခံ ဟတ်ဆန်ရှောင်ရုပ်သံဌာနက ဖော်ပြထားပါတယ်။

16 mins Ago

July 20, 2020

မြဝတီမြို့ Quarantine စင်တာနှစ်ခုတွင် အစာအဆိပ်သင့်မှုကြောင့် ၄၉ ဦး ဆေးရုံတင်ထားရ

ကရင်ပြည်နယ် မြဝတီမြို့ ကျန်းမာရေးစောင့်ကြည့်စခန်း ၂ ခုမှာ ဇူလိုင်လ ၁၉ ရက်နေ့ညက အစားအဆိပ်သင့်တာကြောင့် ၄၉ ဦးအား မြဝတီပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။ ရွှေမြစန္ဒီဈေး စောင့်ကြည့်စခန်းက လူ ၄၆  ဦးနဲ့ ကျောက်လုံးကြီးစခန်းက ၃ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တာပါ။ အစာအဆိပ်သင့်ရတာနဲ့ ပတ်သက်ပြီး အမျိုးသားကျန်းမာရေးဌာန နဲ့တာဝန်ရှိသူတွေ  စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး မကြာမီရက်အတွင်း အဖြေရှာနိုင်မယ်လို့ လွှတ်တော်ကိုယ်စားလှယ် ကရင်ပြည်နယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။
1 year Ago
Up