close

အစားအသောက် လှူဒါန်းမှု

close

January 12, 2022

စစ်ရှောင်များအတွက် အလှူရှင်များက နေ့စဉ် ထမင်းဟင်းများ ချက်ပြုတ်လှူဒါန်ပေးနေ (ဓာတ်ပုံ)

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းတလျှောက်က စစ်ဘေးရှောင်ပြည်သူတွေအတွက် ထမင်းဟင်းတွေကို ထိုင်းနိုင်ငံဘက်ခြမ်းက အလှူရှင်တွေက နေ့စဉ်ချက်ပြုတ်လှူဒါန်းပေးပို့နေတာ ၁ လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။

ထမင်းဟင်းတွေ အချိန်မီချက်ပြုတ်ပြီး တရက်ကို အထုပ်ရေ ထောင်နဲ့ချီ လှူဒါန်းပေးနေရာမှာ ထုပ်ပိုးရေးအပိုင်း လူအင်အား မလုံလောက်တဲ့ အခက်အခဲ ကြုံနေကြရတယ်လို့ အလှူရှင်တစ်ဦးက ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်ငြိမ်းချမ်းရေးမြို့သစ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်  ပြည်သူ သောင်းနဲ့ချီ သောင်ရင်းမြစ်ကမ်းတလျှောက်နဲ့ ထိုင်းဘက်ခြမ်းတို့မှာ တိမ်းရှောင်နေကြရတာပါ။

လက်ရှိမှာလည်း နေ့စဉ်ဆိုသလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ နယ်စပ်သောင်ရင်းမြစ်ကမ်းတလျှောက်မှာ နေထိုင်နေကြရပြီး အလှူရှင်တွေပေးပို့တဲ့ ထမင်းဟင်းတွေကို အားကိုးအားထားပြု စားသုံးနေကြရတယ်လို့ သိရပါတယ်။ 

ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် သောင်းရင်းမြစ်ကမ်းတလျှောက်၊  ထိုင်းနိုင်ငံနဲ့ တောတောင်ထဲအထိ တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ ၂ သောင်းဝန်းကျင် ရှိနေတယ်လို့ ကရင်လူမှု အဖွဲ့စည်းတစ်ခုက ဆိုပါတယ်။

စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစစ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ရပ်စဲဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကြေညာချက်တွေ ထုတ်ပြန်တောင်းဆိုနေပေမယ့် ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်တို့မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

12 mins Ago

August 28, 2021

မူဆယ်တွင် လူဦးရေ ၂၅၀၀ အတွက် ၁ လတိတိ အစားအသောက်လှူဒါန်းမှု ပြီးဆုံး (ဓာတ်ပုံ)

ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့မှာ မူဆယ်မြို့စီးပွားရေး လုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး တရက်ကို လူဦးရေ ၂၅၀၀ စာအတွက် သြဂုတ်လ ၂၇ ရက်နေ့အထိ ၁ လတိတိ အစားအသောက်လှူဒါန်းပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အဓိကကတော့ လက်လုပ်လက်စားလူတွေအတွက်ပေါ့၊ လာယူတဲ့သူတွေလည်း လက်လုပ်လက်စားတွေ၊ နယ်ဝေးကတွေ များတယ်၊ ၁ လတိတိ လှူပေးခဲ့တယ်၊ လာယူသူတွေလည်း များတယ်” လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့က စတင်ကာ သြဂုတ် ၂၇ ရက်နေ့ထိ ၁ လတိတိ နေ့စဥ် လှူဒါန်းပေးခဲ့တာဖြစ်ပြီး ကိုဗစ်ကာလဖြစ်တာကြောင့် လာယူသူတွေ Mask မပါပါက Mask ပေးပြီး ဆေးဖြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တရက်ကို လူဦးရေ ၂၅၀၀ စာအတွက် ၁ လတိတိ မူဆယ်မြို့စီးပွားရေးလုပ်ငန်းရှင်များ အသင်းက ဦးဆောင်ပြီး တခြားအလှူရှင်တွေလည်း ပူးပေါင်းကာ လှူဒါန်းပေးခဲ့တာလို့ သိရပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့က နောက်ဆုံးဝေပေးတဲ့နေ့ဖြစ်တာကြောင့် လာတန်းစီတဲ့သူများပြီး လှူဒါန်းဖို့မလောက်တာကြောင့် လူဦးရေ ၂၀၀ ဝန်းကျင်အတွက် မပေးလိုက်ရဘူးလို့ သိရပါတယ်။

5 months Ago
Up