close

အစိုးရကျောင်း

close

April 5, 2023

ပုဂ္ဂလိကကျောင်းများမှ အစိုးရကျောင်း ပြောင်းတက်လိုလျှင် အရည်အချင်းစစ်စာမေးပွဲ ဖြေရမည်

နိုင်ငံတကာသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားတဲ့ ကျောင်းတွေနဲ့ ပြည်တွင်းပုဂ္ဂလိက အခြေခံပညာကျောင်းတွေကနေ အခြေခံပညာကျောင်းတွေကို တက်ရောက်လိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် အရည်အချင်းစစ်စာမေးပွဲကို လာမယ့်မေလမှာ ကျင်းပမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနကနေ သိရပါတယ်။

နိုင်ငံတကာကျောင်း၊ ပြည်တွင်း ပုဂ္ဂလိကကျောင်းတွေကနေ အခြေခံပညာကျောင်းတွေကို တက်ရောက်လိုသူတွေအနေနဲ့ တက်ရောက်သင်ကြားလိုတဲ့ တဆင့်နိမ့်အတန်းကို အရည်အချင်းစစ် စာမေးပွဲ ဝင်ရောက်ဖြေဆိုရမှာဖြစ်ပြီး အခုလ ၇ ရက်နေ့ နောက်ဆုံးထားကာ လျှောက်လွှာတင်သွင်းရမယ်လို့ ပညာရေးဌာနက ဆိုပါတယ်။

အဆိုပါ အရည်အချင်းစစ်စာမေးပွဲကို လျှောက်ထားလိုသူတွေအနေနဲ့ ပညာရေးဌာနက အတန်းအလိုက် သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေအတိုင်း ဘာသာရပ်တွေကို ဖြေဆိုရမှာဖြစ်ပြီးတော့ ဖြေဆိုလိုတဲ့အတန်းနဲ့ မွေးသက္ကရာဇ် ကိုက်ညီမှုရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုဖို့ လျှောက်ထားသူတွေအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေရဲ့ အစီအစဉ်နဲ့ ခရိုင်ရုံးစိုက်ရာမြို့တွေမှာ မေ ၂ ရက်ကနေ ၈ ရက်အထိ ဖြေဆိုဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အာဏာမသိမ်းခင်က အဲဒီလို ပုဂ္ဂလိကကျောင်းတွေကနေ အစိုးရကျောင်းတွေကို ပြောင်းလဲ တက်ရောက်လိုသူတွေဟာ ရန်ကုန်တိုင်းမှာ တနှစ်ကို ရာဂဏန်းလောက်ရှိပေမဲ့ အခုနှစ်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်လောက်ရှိမယ် ဆိုတာကိုတော့ အတည်မပြုနိုင်ပါဘူး။

52 seconds Ago

February 26, 2020

သမ္မတကတော် မင်လင်နီယာထရမ့် နယူးဒေလီရှိ အစိုးရကျောင်းကို သွားရောက်လေ့လာ

အမေရိကန် သမ္မတကတော် မယ်လင်နီယာထရမ့်ဟာ ဖေဖော်ဝါရီ ၂၅ ရက်က မြို့တော် နယူးဒေလီရှိ အစိုးရကျောင်းတကျောင်းကို သွားရောက်လေ့လာပါတယ်။  အဲဒီကျောင်းဟာ ကျောင်းသားတွေကို သတိတရားကောင်းအောင် လေ့ကျင့်ပေးတဲ့ ပျော်ရွှင်ရေး အထူးသင်ခန်းစာကို သင်ကြားပေးတဲ့ ကျောင်းဖြစ်ပါတယ်။ ကလေးငယ်တွေကို ယောဂလေ့ကျင့်တာ၊ ပုံပြောတာနဲ့ ပုံဆွဲတာတွေ လုပ်စေပြီး လူမှုဆက်ဆံရေးကောင်းအောင် လေ့ကျင့်ပေးတဲ့ နည်းလမ်းနဲ့ ပျော်ရွှင်ရေးသင်ခန်းစာကို ၂၀၁၈ ခုနှစ်မှာ လက်ဝဲယိမ်း (AAP) ပါတီက စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။  “အိန္ဒိယနိုင်ငံဟာ ရာစုနှစ်ချီပြီး ကမ္ဘာကြီးကို ဘာသာရေးအယူဝါဒတွေ သင်ကြားပြသနေပါတယ်။ သမ္မတကတော်အနေနဲ့ ဒီကျောင်းက ပျော်ရွှင်ရေး သတင်းစကားကို ဆောင်ယူသွားမှာ ဖြစ်တဲ့အတွက် ဝမ်းမြောက်မိတယ်” ဆိုပြီး နယူးဒေလီ ဝန်ကြီးချုပ်နဲ့ AAP ပါတီဝင် အာဗင်းကေဂျီဝါက သူတို့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။  ဒီခရီးစဉ်ဟာ သမ္မတထရမ့်ရဲ့ အကောင်းဆုံး ဖြစ်ပါစေ ဆိုတဲ့ မဲဆွယ်ပွဲနဲ့လည်း ချိတ်ဆက်နေပါတယ်။  ထရမ့်ရဲ့ မဲဆွယ်ပွဲဟာလည်း ကျန်းမာရေး၊ အွန်လိုင်း လုံခြုံရေးနဲ့ မူးယစ်ဆေး အလွဲသုံးစားမှုတွေကို အဓိကအလေးထားတယ်လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
3 years Ago
Up